A d v e r t i s e m e n t With Us

ဗီယက်နမ် ဖိတ်ခေါ်ပွဲဝင်ရန် မြန်မာ ယူ ၂၁ အမျိုးသမီး ဘောလုံးအသင်း ထွက်ခွာ

မြန်မာ ယူ ၂၁ အမျိုးသမီး ဘောလုံးအသင်း။ (ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်)
ဗီယက်နမ်ဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ ၂၁ အမျိုးသမီးဘောလုံးဟာ နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပါတယ်။ ဒီပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်မှာ နိုဝင်ဘာ ၄ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပမှာပါ။ ဗီယက်နမ်ဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာ ယူ ၂၁ အမျိုးသမီးအသင်းဟာ ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်း၊ ဟိုချီမင်းစီးတီး အမျိုးသမီးကလပ်အသင်း၊ ဖိလစ်ပိုင် အက်ဖ်အီးယူ အမျိုးသမီးကလပ်အသင်းတို့နဲ့အတူ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ပြိုင်ပွဲကို အုပ်စုပတ်လည် အမှတ်ပေးစနစ်နဲ့ ကျင်းပမှာဖြစ်ပြီး အုပ်စုတွင်း အမှတ်အများဆုံးရတဲ့အသင်းက ဗိုလ်စွဲကာ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ ဒုတိယဆုအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀၀ နဲ့ တတိယဆု အမေရိကန်ဒေါ်လာ ၁၀၀၀ အသီးသီး ချီးမြှင့်မှာ ဖြစ်ပါတယ်။ ယူ ၂၁ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းမှာ အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ ဒေါ်စန်းစန်းသိန်း၊ ဂိုးနည်းပြ ဦးကိုကိုအောင်နဲ့ အသင်းဆရာဝန်အဖြစ် ဒေါက်တာ ဒေါ်ယုနန္ဒာထွန်းတို့ ပါဝင်ပါတယ်။ ကစားသမားတွေကတော့ ဂိုး - ခင်သီတာအေး၊ မေဇင်နွယ်၊ နောက်တန်း - ခင်သန်းဝေ၊ ငယ်ငယ်ထွေး၊ ဇင်မာထွန်း၊ ငုဝါသဲ၊ လဲ့လဲ့လှိုင်၊ ခင်ပြည့်လင်း၊ အေးအေးမိုး၊ အလယ်တန်း – အိရတနာဖြိုး၊ ခင်မိုမိုထွန်း၊ မေစံပယ်ဖူး၊ ရူပါခိုင်၊ အေးမျိုးမြတ်၊ သင်းသင်းယုနဲ့ ရှေ့တန်း – နီလာဝင်း၊ မေသူကျော်၊ ဂျူလိုင်ကျော်၊ ၀င်းသိင်္ဂီထွန်း၊ လှယဉ်ဝင်းတို့ ဖြစ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up