ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် မဲပေးမည်

1.5K
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် မဲပေးမှာ ဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမက ၃ မဲရုံတွင် နံနက် ၇ နာရီ မိနစ် ၃၀ တွင် ဒေါ်အောင်ဆန်းစုကြည် မဲပေးပြီးနောက် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည် ကော့မှူးမြို့နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။
၁၉၉၀ နဲ့ ၂၀၁၀ ပါတီစုံရွေးကောက်ပွဲတွင် န၀တ၊ နအဖ စစ်အစိုးရရဲ့ နေအိမ်အကျယ်ချုပ် ကျခံရတဲ့အတွက် မဲပေးခွင့် မရခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗဟန်းမြို့နယ်မှာ လစ်လပ်မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ မရှိတဲ့အတွက် မဲမပေးခဲ့ရပါဘူး။