A d v e r t i s e m e n t With Us

ဆော်ဒီရောက် မြန်မာပြည်က ဒုက္ခသည် ၁ သိန်းကျော်ကို တရားဝင် ၄ နှစ် နေထိုင်ခွင့် ထုတ်ပေး

ဓာတ်ပုံ - Saudi Gazette
ဆော်ဒီ အာရေးဗီယားမှာ ရောက်နေတဲ့ မြန်မာပြည်က ဒုက္ခသည် ၁ သိန်း ၂ သောင်း ၅ ထောင်ကျော်ကို ပတ်စ်ပို့ဌာနက တရားဝင် ၄ နှစ် နေထိုင်ခွင့် ထုတ်ပေးလိုက်ပါတယ်။ ဒါဟာ ဆော်ဒီရောက်  မြန်မာပြည်က ဒုက္ခသည် ၂ သိန်းခွဲထဲက ထက်ဝက်ကျော်ဖြစ်ပြီး ကျန်နေတဲ့ လူတွေ နေထိုင်ခွင့် အတွက်လည်း ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ဒီလို နေထိုင်ခွင့် ထုတ်ပေးဖို့ ကျန်ခဲ့တဲ့ ၂ နှစ်ကတည်းက မြန်မာပြည်က ဒုက္ခသည်တွေဆီကနေ  အချက်အလက်တွေကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လူသားချင်း စာနာမှု အခြေခံပေါ်ကနေ အခမဲ့ ခွင့်ပြုတာလို့ ဆော်ဒီ အစိုးရက ဆိုပါတယ်။ အခုလို နေထိုင်ခွင့်ရရှိသူတွေဟာ  အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရမယ်လို့ ဆော်ဒီက လာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။  ကုလသမဂ္ဂကလည်း ဆော်ဒီ အစိုးရရဲ့  ခြေလှမ်းသစ်ကို ကြိုဆိုလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up