တာလီဘန်များ အမျိုးသမီးတဦးကို မသေမချင်းကျောက်တုံးဖြင့် ပေါက်သတ်သည့်ရုပ်သံ ဖြန့်ချိ

10.9K
အာဖဂန်နစ္စတန်နိုင်ငံ သဟာလ်ဝတ်ခရိုင် ဖီးရော့ဇ်ကို့မြို့မှာ တာလီဘန်တွေက အမျိုးသမီး တယောက်ကို မသေမချင်း ကျောက်တုံးနဲ့ ပေါက်သတ်နေပုံလို့ ပြောထားတဲ့ ရုပ်သံတခုကို လွတ်လပ်သော ဥရောပ ရေဒီယိုနဲ့ ရေဒီယို လေဘာတီ(Radio Free Europe / Radio Liberty)က နိုဝင်ဘာ ၂ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။ ကျောက်တုံးနဲ့ ထုသတ်မှုက အောက်တိုဘာ ၂၅ ရက်မှာ ဖြစ်ခဲ့တာပါ။
ရုပ်သံကို လွတ်လပ်သော အာဖဂန်ရေဒီယို(Radio Free Afghanistan)သတင်းဌာနဆီ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။
အာဖဂန်အစိုးရကတော့ ရို့ခ်ရှာနာ ဆိုသူ အမျိုးသမီးကို သတ်မှုအတွက် သူပုန်တွေကို အပြစ်တင်ပါ တယ်။
အမျိုးသမီးဟာ သူနဲ့ စေ့စပ်ထားသူနဲ့ ခိုးရာလိုက်ပြေးခဲ့ပြီး လက်ထပ်ဖို့ နေရာရှာခဲ့တယ်လို့ ရုပ်သံက ပြောပါတယ်။
ဒါပေမယ့် စစ်သွေးကြွတွေကတော့ သူကို လက်မထပ်ခင် အတူနေတယ်လို့ စွပ်စွဲခဲ့တာပါ။ တခြား အသေးစိတ် အကြောင်းအရာတွေကိုတော့ မသိရသေးပါဘူး။