A d v e r t i s e m e n t With Us

ပါရမီယာဉ်လိုင်း ၁၇၄ အကြမ်းဖက် မီးရှို့တိုက်ခိုက်ခံရ

ရန်ကုန်မြို့ တာမွေအ၀ိုင်းထိပ် Ocean Super Center ရှေ့မှာ ခရီးသည်တင် ပါရမီယာဉ်လိုင်း ၁၇၄   အကြမ်းဖက်တိုက်ခံ မီးရှို့ခံခဲ့ရပါတယ်။ ယာဉ်မောင်း ဦးသူရမောင် မောင်းနင်လာတဲ့ ပါရမီယာဉ်လိုင်း အမှတ် ၁၇၄ ဟာ တာမွေမြို့နယ်  Ocean Super Center ရှေ့ တာမွေအ၀ိုင်းမီးပွိုင့်အရောက် အိမ်စီးကားပေါ်မှ လူ ၅ ဦးက ခရီးသည်တင်ကားပေါ်ကို တက်ရောက်ပြီး ယာဉ်အကူ ၂ ဦးနဲ့ ယာဉ်မောင်းကို အကြမ်းဖက်တိုက်ခိုက်ကာ ခရီးသည်တင်ယာဉ်ကို မီးရှို့မှု နိုဝင်ဘာလ ၂ ရက်နေ့ ည ၉ နာရီကျော်မှာ ဖြစ်ပွားခဲ့တာပါ။ ယာဉ်အကူတဦးကိုလည်း ခရီးသည်တင်ယာဉ်နဲ့အတူ ဓာတ်ဆီလောင်း မီးရှို့ခဲ့တာကြောင့် ယာဉ်အကူမှာ အ၀တ်အစားချွတ်ထွက်ပြေးခဲ့ရပြီး ယာဉ်အကူ နောက်တဦးနဲ့ ယာဉ်မောင်း ကိုလည်း  သံတုတ်နဲ့  လိုက်ရိုက်တာခံရပေမယ့်   ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရတာကြောင့် ခရီးသည်တချို့ ဒဏ်ရာရရှိခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွား အချိန်မှာ ရန်ပြုသူတွေရော၊ ယာဉ်နောက်လိုက်နဲ့ ဒရိုင်ရော မရှိတော့အတွက် တိုက်ခိုက်မှု ဖြစ်ရတဲ့ အကြောင်းရင်း လေလောဆယ် မသိနိုင်သေးဘူးလို့ ဗဟန်းမြို့မ ရဲစခန်းက ပြောပါတယ်။ ဓာတ်ပုံ - စိုးမိုးဟိန်း  

A d v e r t i s e m e n t With Us

More News
Up