A d v e r t i s e m e n t With Us

ရွေးကောက်ပွဲကို နိုင်ငံတကာစံနှုန်းနှင့်အညီ ကျင်းပပေးမည်ဟု ရွေး/ကော် ကြေညာ

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲတခုအဖြစ် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဒီမိုကရေစီ နည်လမ်းတကျ ကျင်းပပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာသံရုံး ၃၂ ရုံးမှ လေ့လာသူ ၄၇၀ ဦး၊ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၆ ခုမှ ၄၆၅ ဦး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၉ ခုမှ ၁၈၃ ဦး အပါအဝင် စုစုပေါင်း ပြည်ပလေ့လာစောင့်ကြည့်သူ ၁,၁၁၈ ဦး၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်း ၁၃ ခုမှ ၉,၄၀၆ ဦး၊ ပြည်ပသတင်း မီဒီယာ ၄၅ ဖွဲ့မှ ၂၉၁ ဦးတို့အား စောင့်ကြည့်လေ့လာ နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ သက်သေခံ ကတ်ပြားများ ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအတွက် အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာ့ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲ  လာရောက်လေ့လာ စောင့်ကြည့်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပြီး ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှု၊ ပွင့်လင်းမြင်သာရှိမှုနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ချက်တွေ စောင့်ကြည့်ဖို့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေ၊ ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာသံရုံးများမှ လေ့လာရေးအဖွဲ့တွေ အပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ် အဖွဲ့တွေ ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up