A d v e r t i s e m e n t With Us

ပြင်သစ်သမ္မတကို တရုတ်သမ္မတ လက်ခံတွေ့ဆုံ

တရုတ်နိုင်ငံဆီ အလည်အပတ်သွားတဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟောလန်ဒေကို တရုတ်သမ္မတက နိုဝင်ဘာလ ၂ ရက်နေ့မှာ လက်ခံ တွေ့ဆုံပါတယ်။ ဘေဂျင်းမြို့တော်မှာတဲ့ ပြည်သူ့ခန်းမကြီးမှာ အခမ်းအနားနဲ့ ကြိုဆိုပြီးနောက် ခေါင်းဆောင်နှစ်ယောက်ဟာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့အတူ အစည်းအဝေး ထိုင်ပါတယ်။ ပြင်သစ် သမ္မတဟာ တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ဘေဂျင်းမှာ ရောက်နေတာဖြစ်ပြီး ဒီလကုန်ပိုင်း ပါရီ ရာသီဥတုဆိုင်ရာညီလာခံ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ရှိတယ်လို့ ဟောလန်ဒေးရဲ့ရုံးက  သတင်းထုတ်ပြန်ထားပါတယ်။ တရုတ်ဟာ ကမ္ဘာမှာ ကာဗွန်ထုတ်လွှတ်မှု အဆိုးရွားဆုံးနိုင်ငံဖြစ်ပေမ့ယ် ဖွံ့ဖြိုးဆဲနိုင်ငံ စာရင်းမှာပဲ ပါဝင်တာကြောင့် လျှော့ချရေး  ကတိက၀တ်တွေပေးရမယ့် နိုင်ငံတွေစာရင်းမှာ အကြုံးမ၀င်ပါဘူး။ ဒီ ကိစ္စနဲ့ပတ်သက်လို့ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ပါရီ ညီလာခံမှာ ဘုံသဘောတူညီချက်ရရှိဖို့ မူဘောင် ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ပြင်သစ်သမ္မတဟာ တရုတ်နိုင်ငံ အနောက်ပိုင်းက ချုံကင်းမြို့ကို ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ သွားပြီး နေ့လည်ပိုင်းမှာ ဘေဂျင်းကို ပြန်သွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up