ဟေတီတွင် သေလွန်သူများနေ့ ရိုးရာမပျက် ကျင်းပ (ရုပ်သံ)

ဟေတီမှာ သေလွန်သူများနေ့ကို ၀ူဒူး မှော်ပညာဆန်ဆန် အဆင်အယင်တွေနဲ့ ရိုးရာမပျက် ကျင်းပကြပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ခရစ်ယာန်တွေရဲ့ သူတော်စင်များနေ့နဲ့ ၂ ရက်နေ့မှာ ကျရောက်တဲ့ ၀ိညာဉ်ပူဇော်ပွဲနေ့နဲ့ တိုက်ဆိုင်ပါတယ်။ ဟေတီတွေကတော့ သုသာန်တွေကိုသွားပြီး ၀ိညာဉ်တွေနဲ့ မရဏမင်းကို ပူဇော်ပသတဲ့ အစဉ်အလာ ရှိပါတယ်။ သင်္ချိုင်းစောင့် တစ္ဆေကို တိုင်တည်ပြီး ကျန်းမာရေးကောင်းဖို့၊ အလုပ်အကိုင်ကောင်းဖို့၊ စီးပွားလာဘ်လာဘ ကောင်းဖို့၊ ကံကောင်းဖို့ ဆုတောင်းကြလေ့ ရှိပါတယ်။ သေလွန်သွားသူတွေကိုလည်း လက်ဖက်ရည်နဲ့ သစ်သီးတွေကို ကျွေးမွေးကြပါတယ်။ တချို့က သင်္ချိုင်းကို သွားတဲ့အခါ အရိုးတွေကိုပါ ယူသွားလေ့ ရှိပါတယ်။ ဒီလို ရိုးရာအစဉ်အလာကို မေ့လျော့သူတွေဟာ ဘ၀မှာ ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံရတတ်တယ်လို့လည်း သူတို့က အစဉ်အလာ ယုံကြည်ထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up