A d v e r t i s e m e n t With Us

တရုတ်ပြည်တွင်းဖြစ် ပထမဆုံး အကြီးစားလေယာဉ်သစ်ကို အချောသပ်

ဓာတ်ပုံ - ဆင်ဟွာ
ရှန်ဟိုင်းမှာ တည်ဆောက်နေတဲ့ တရုတ်ပြည်တွင်းဖြစ် ပထမဆုံး အကြီးစား လေယာဉ်သစ်ကို နိုဝင်ဘာ ၂ ရက်နေ့မှာ အချောသပ် တပ်ဆင်ပါတယ်။ C919 လေယာဉ်မှာ ခရီးသည် ၁၅၈ ယောက် လိုက်ပါနိုင်မှာ ဖြစ်ပြီး ၄၀၇၅ ကီလိုမီတာ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလေယာဉ်ကို Commercial Aircraft Corporation of China ကုမ္ပဏီလီမိတက်က တည်ဆောက်တာ ဖြစ်ပါတယ်။ C919 လေယာဉ်ဟာ လာမယ့်နှစ်မှာ စမ်းသပ်ပျံသန်းမှာ ဖြစ်ပြီး နောက်ထပ် သုံးနှစ် အစမ်းပြေးဆွဲပြီးမှ စီးပွားဖြစ်လေယာဉ် ဖြစ်လာပါလိမ့်မယ်။ အခုအချိန်မှာ ပြည်တွင်း ပြည်ပက အမှာစာရင်း ၅၁၇ ခု လက်ခံရရှိထားတယ်လို့ လေယာဉ်တည်ဆောက်နေတဲ့ COMAC ကုမ္ပဏီက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up