တရုတ်တွင် ကားချင်းတိုက်မိပြီး ခိုက်ရန်ဖြစ်၊ ရဲတပ်ဖွဲ့ဖမ်းဆီး (ရုပ်သံ)

919
တရုတ်နိုင်ငံ ဘောင်ဇူးမြို့မှာ ကားချင်းတိုက်မိပြီး မောင်းသူတွေ လမ်းပေါ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်က လမ်းဆုံတခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနားက လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားပါတယ်။
ပထမဆုံး ကားနောက်ပိုင်းကို တိုက်မိခဲ့ပြီး ကားပေါ်ပါ အမျိုးသား ၃ ဦး ခိုက်ရန်ဖြစ်ခဲ့တာပါ။
ဒီနောက် သိပ်မကြာခင်မှာ ရဲတွေ ရောက်လာပြီး ရန်ပွဲမှာ ပါဝင်တဲ့သူတွေ အားလုံးကို ဖမ်းဆီးခဲ့ပါတယ်။