A d v e r t i s e m e n t With Us

မက္ကဆီကို မီးတောင် ထပ်မံပေါက်ကွဲ၊ မီးတောင်ပြာ ကောင်းကင်အထက် ပေ ၅၀၀၀ နီးပါး လွင့်စင်

မက္ကဆီကိုနိုင်ငံက ကိုလီမာ မီးတောင်ဟာ နိုဝင်ဘာ ၁ ရက် မနက် ၈ နာရီကနေ ၁၁ နာရီအထိ ၅ ကြိမ် ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေဟာ ကောင်းကင်အထက် ပေ ၅၀၀၀ နီးပါးအထိ လွင့်စင်ထွက်ခဲ့ပါတယ်။ ကိုလီမာမီးတောင်ဟာ မက္ကဆီကို အနောက်တောင်ပိုင်းမှာ တည်ရှိပြီး ဇူလိုင် ၉ ရက်နေ့ကတည်းက ပေါက်ကွဲဖို့ လှုပ်ရှားမှုတွေ ဖြစ်နေတာပါ။ ကျန်ခဲ့တဲ့လတွေအတွင်း အနီးအနားက ရွာတွေမှာ မီးခိုးတွေ၊ ပြာတွေနဲ့ ဖုံးလွှမ်းခဲ့လို့ ရွာသားတွေကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၁ ရက် မနက်ပိုင်း ပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာတော့ နောက်ထပ် ပြောင်းရွှေ့စရာ မရှိတော့သလို ဒေသခံတွေကို မျက်နှာဖုံး ၀တ်ကြဖို့နဲ့ သောက်ရေကို သတိထားကြဖို့ တိုက်တွန်းထားပါတယ်။ ကိုလီမာမီးတောင်ဟာ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလတွေမှာလည်း ပေါက်ကွဲခဲ့ဖူးပါတယ်။ မက္ကဆီမှာ မီးတောင် ၃၀၀၀ ကျော်လောက်ရှိပြီး ၁၄ လုံးကတော့ အသက်ဝင်နေဆဲ မီးတောင်အဖြစ် သတ်မှတ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up