A d v e r t i s e m e n t With Us

မိုင်းနောင်မြို့အနီး အစိုးရတပ်ရင်းလက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ အရာရှိ စစ်သည်အချို့ သေဆုံး

salweennews
ရှမ်းပြည်နယ်၊ ကျးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး ဝိန်းကောင်ကျေးရွာရှိ အစိုးရတပ်မတော် တပ်ရင်းဌာနချုပ်ကို ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့အင်အား ၂၀၀ လောက်က လက်နက်ကြီးငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့  စစ်တပ်ပိုင်မြ၀တီသတင်းက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၉ ရက် အောက်တိုဘာ ၃၀ ရက်နေတွေမှာ ၅ ကြိမ်လောက်လာ ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အစိုးရစစ်တပ်က အရာရှိ၊ စစ်သည်အချို့ ကျဆုံး ထိခိုက်ဒဏ်ရာသလို အဆောက်အဦအချို့လည်း ထိခိုက်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ တပ်ရင်းဌာနချုပ်က အရာရှိ၊ စစ်သည်တွေရော အိမ်ထောင်သည်ရဲမေ မိသားစုတွေပါ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပေမယ့်  အရေတွက် ဘယ်လောက်ထိခိုက်ကျဆုံး ဒဏ်ရာရခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။ အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့ဟာ  သတ်မှတ်နေရာအားကျော်လွန်ပြီး နယ်မြေချဲ့ထွင်ခဲ့ တဲ့အကြောင်းနဲ့  မိုင်းရှူးမြို့နယ်၊ မိုင်းစံကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်ကို လည်း  အောက်တိုဘာ ၂၄ ရက်နဲ့ ၂၈ ရက်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့  ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ တယ်လို့ မြ၀တီသတင်းမှာဖော်ပြပါတယ်။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ ကတော့ သူတို့ဌာနချုပ်အနေနဲ့ တပ်မတော်အခြေစိုက် စခန်းတွေကို ၀င်ရောက်တိုက်ခိုက်ဖို့ အမိန့်ပေးထားတာမရှိသလို မိုင် ၂၀ ကျော်ဝေးတဲ့ အဲဒီနေရာကို သွားရောက်တိုက်ခိုက်ဖို့ မလွယ်ကူဘူးလို့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ “အစိုးရသတင်းမှာပါတဲ့ ၂၉ - ၃၀ ရက်နေ့ဆိုတာ ကျနော်တို့ မိုင်းရှူးမြို့နယ် မိုင်းအတ်ဒေသ တ၀ိုက်မှာ  ပြင်းပြင်းထန်ထန်တိုက်နေတဲ့အချိန်ဖြစ်တယ်။ ၀ိန်းကောဝ်ကိုသွားဖို့က အဲလောက်မ လွယ်ဘူးခင်ဗျ။ မိုင် ၂၀ လောက်ဝေးတာ။ ပြီးတော့ ၀ိန်းကောင်တပ်ပတ်လည်မှာ အစိုးရတပ်တွေ ရှိတာဘဲလေ၊  သွားရင် အဲဒီမရောက်ခင်တိုက်ပွဲအရင်ဖြစ်မှာ၊ ကျနော်တို့က ဌာနချုပ်ဝမ်ဟိုင်းကိုပဲ ကာကွယ်နေရတာပါ။ ကျနော်တို့အထင်တော့ အစိုးရက ရွေးကောက်ပွဲ မလုပ်ချင်လို့  တိုက်ပွဲတုတွေ ဖန်တီးနေတယ်လို့ ထင်ပါတယ်။” ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအနေနဲ့ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ထဲမှာ သဘောတူထားတဲ့အတိုင်း  သတ်မှတ်နယ်မြေကို ကျော်ခြင်းမရှိတဲ့အကြောင်းနဲ့  အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ အနေအထားမှာဘဲ ရှိနေသေးတယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းလကပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up