A d v e r t i s e m e n t With Us

တူရကီ ကုန်တိုက်တခု မီးလောင်ပေါက်ကွဲ၊ လူ ၁ ဦးသေ၊ ၂၀ ဒဏ်ရာရ (ရုပ်သံ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းက နက်စာဘင်မြို့ (Nusaybin) မှာ နိုဝင်ဘာ ၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးသေ၊ အယောက် ၂၀ ဒဏ်ရာရသွားပါတယ်။ ဈေးဝယ်ကုန်တိုက်ကြီးမှာ မီးလောင်ပေါက်ကွဲမှုနဲ့ စတင်ပြီး အနီးအနားက အဆောက်အဦတွေကိုလည်း ကူးစက်ခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာပဲ ပေါက်ကွဲမှု ဖြစ်တာပါ။ လျှပ်စစ် ဂျင်နရေတာကြောင့် မီးလောင်တာဖြစ်ပြီး ရွေးကောက်ပွဲနဲ့ မသက်ဆိုင်ဘူးလို့ ဆာဘက် (Sabah) သတင်းဝက်ဆိုက်မှာ ဖော်ပြပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်သမားတွေ ချက်ချင်းရောက်လာပြီး အပေါ်ထပ်မှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ခဲ့ရပါတယ်။ မီးခိုးမွှန်နေတဲ့ လူတွေကို အနီးနားက ဆေးရုံကို ပို့ခဲ့တယ်လို့ ဒိုဂန် (Dogan) သတင်းမှာ ဖော်ပြပါတယ်။ မီးလောင်ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းကိုလည်း ဆက်လက်စုံစမ်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up