A d v e r t i s e m e n t With Us

လက်ထပ်ရန်ငွေကြေး မရှိသဖြင့် လက်ဝတ်ရတနာဆိုင်ကို ဖောက်ထွင်းသူ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဆူးဇိုမြို့က အမျိုးသားတဦးဟာ လက်ထပ်ဖို့ ငွေကြေးမရှိလို့ လက်ဝတ်ရတနာဆိုင်ကို ဖောက်ထွင်းခဲ့တဲ့အတွက် ရဲတွေက သူ့ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပါတယ်။ လက်ဝတ်ရတနာဆိုင်ထဲက ယွမ်ငွေတန်ဖိုး ၁ သန်းတန်ကြေးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ခိုးယူခဲ့မှုအတွက် သူဟာ ထောင်ဒဏ် ၁၂ နှစ် ကျခံရမှာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သူ့ရဲ့ယောက္ခမဖြစ်သူက သူ့သမီးကို လက်မထပ်ခင်    အိမ်တလုံးနဲ့ ကားတစီး ၀ယ်စေချင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ငွေကြေးမလုံလောက်တဲ့အတွက် ခုလို ခိုးယူ ဖောက်ထွင်းမှုလုပ်ဖို့ ဒီနှစ်အစောပိုင်း ဇန်န၀ါရီလတည်းက ကြိုတင်ကြံစည်ခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။ ခုဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ သူ့ရဲ့ ခိုးယူဖောက်ထွင်းမှုကို ခြေရာခံထားတဲ့ ပုံရိပ်တွေကို ဖော်ပြထားတာပါ။

A d v e r t i s e m e n t With Us

More News
Up