A d v e r t i s e m e n t With Us

ချဲလ်ဆီးအသင်း နည်းပြအဖြစ် ဆက်ရှိနေမည့် မော်ရင်ဟို

ချဲလ်ဆီးအသင်းမှာ နည်းပြအဖြစ် ဆက်ရှိနေလိမ့်မယ်လို့ နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုက သူ့အနေနဲ့ လက်ရှိ ရလဒ်တွေနဲ့ ကံကြမာကို ပြောင်းလဲနိုင်ဖို့ အသင်းကနေ အချိန်ပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က အိမ်ကွင်းပွဲစဉ်မှာ လီဗာပူးကို ရှုံးနိမ့်ပြီးနောက်ပိုင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ မော်ရင်ဟိုဟာ နည်းပြ လုပ်သက်အတွင်း ၆ ပွဲထက် ပိုပြီး ရှုံးခဲ့ဖူးခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၆ ပွဲ ရှုံးထားသလို လိဂ်ဖလားပြိုင်ပွဲမှာလည်း ရှုံးထားပါတယ်။ လတ်တလောမှာတော့ ချဲလ်ဆီးဟာ အမှတ်ပေးဇယားရဲ့အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။ နည်းပြ မော်ညင်ဟိုရဲ့ အနာဂတ်နဲ့ ပက်သက်လို့လည်း ခန့်မှန်းမှုတွေ အမျိုးမျိုးထွက်ပေါ်နေပြီး ချဲလ်ဆီးအသင်း ဘုတ်အဖွဲ့က မော်ရင်ဟိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီး အသင်းပိုင်ရှင် အဘရာမိုဗစ်ရဲ့ အမိန့်ကိုသာ စောင့်နေရတယ်လို့ ကောလဟာလလည်း ထွက်ပေါ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up