A d v e r t i s e m e n t With Us

ကျောင်းသားတပ်မတော် တည်ထောင်ခြင်း ၂၇ နှစ်ပြည့် ကျင်းပ (ဓာတ်ပုံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)ရဲ့ ဖွဲ့စည်းတည်ထောင်တဲ့ ၂၇ နှစ်မြောက် အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အေဘီအက်စ်ဒီအက်ဖ် စတင်ဖွဲ့စည်းတည်ထောင်တဲ့ ၂၇ နှစ်မြောက် အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့က ဗဟိုဌာနချုပ်ဖြစ်တဲ့ ထိုင်း-မြန်မာ နယ်စပ် ဒေါင်းတမန်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အေဘီအက်စ်ဒီအက်ဖ် ခေါ် ကျောင်းသားတပ်မတော်ကို ၁၉၈၈ ခုနှစ် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖို့ နယ်စပ်ကို ရောက်ရှိလာတဲ့ ကျောင်းသားလူငယ်တွေနဲ့ ၁၉၈၈ ခု နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up