ဖိလစ်ပိုင်နိုင်ငံ သင်္ချိုင်းများတွင် ကွယ်လွန်သူဘိုးဘွားမိဘ ကန်တော့ပွဲ ကျင်းပ (ရုပ်သံ)

2.3K
နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ All Saints Day မှာ ဖိလစ်ပိုင် ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့ရဲ့ ကွယ်လွန်သူဘိုးဘွားမိဘတွေကို ပူဇော်ကန်တော့ပွဲကို နိုင်ငံတ၀န်းက ကျင်းပခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ မနက်က မနီလာမြို့တော်မြောက်ပိုင်းသုသာန်မှာ လာရောက် ကန်တော့သူ ၉ သိန်းကျော်ရှိခဲ့ပြီး ညနေပိုင်းမှာ တသန်းကျော်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းကြပါတယ်။
ကွယ်လွန်သူမိသားစုဝင်တွေကို စားဖွယ်သောက်ဖွယ်တွေ၊ ဖယောင်းတိုင်တွေ ထွန်းညှိပူဇော် ကြတာပါ။ ဒီအချိန်အခါမှာ ကွယ်လွန်ခဲ့သူတွေရော၊ အနယ်နယ်အရပ်ရပ် ရောက်နေသူနေတဲ့ သူတွေပါ ပြန်ပြီးဆုံဆည်းတဲ့အချိန်လို့လည်း ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ All Saints Day နဲ့ ၂ ရက်နေ့မှာ ကျရောက်တဲ့ All Souls Day ၀ိညာဉ်ပူဇော်ပွဲနေ့နဲ့ ပေါင်းပြီး ကျင်းပတာပါ။ သင်္ချိုင်းတွေမှာ သွားရောက်ကြတဲ့ ကန်တော့သူဦးရေများပြားတဲ့အတွက် ရဲလုံခြုံရေးကိုလည်း တိုးမြှင့်ချထားရပြီး လုံခြုံရေးအရ ခိုက်ရန်ဖြစ်ပွားနိုင်တဲ့ လက်နက်တွေ၊ အရက်နဲ့ လောင်းကစားပစ္စည်းတွေကို စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။
All Saints Day ဟာ ကမ္ဘာတ၀န်းကျင်းပတဲ့ ခရစ်ယာန်ပွဲတော်တခုဖြစ်သလို ခရစ်ယာန်ဘာသာဝင်အများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း တရားဝင် အစိုးရရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။