A d v e r t i s e m e n t With Us

အဲဗာတန် ၆ – ၂ ဆန်းဒါးလန်း (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာလ ၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်က ဆန်းဒါးလန်းကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အပြန်အလှန် အကြိတ်အနယ်နဲ့ တိုက်စစ်ဖွင့် ကစားသွားလို့ ဂိုးသွင်းများတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ အဲဗာတန်က အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ဆန်းဒါးလန်းအသင်းကလည်း ထိုးဖောက် ကန်သွင်းခွင့်တွေ အပြန်အလှန် ရခဲ့ပါတယ်။ အဲဗာတန် တိုက်စစ်မှူး ကိုနီ ဒီပွဲမှာ သုံးဂိုးသွင်းယူခဲ့ပြီး အဲဗာတန်အသင်းအတွက် သူ့ရဲ့ ပထမဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။ ဆန်းဒါးလန်းအသင်းဟာ ရလဒ်တွေဆိုးဝါးနေလို့ ဒီရာသီမှာ နည်းပြတဦးကို ထုတ်ပယ်ခဲ့ရပြီး နည်းပြသစ် ဆမ်အလာဒိုက်စ် လက်ထက်မှာလည်း ရှုံးပွဲတွေ ဆက်ရှိနေတာပါ။ ဒီပွဲနိုင်တဲ့ အဲဗာတန်က ၁၆ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပြီး ဆန်းဒါးလန်းက ၆ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up