ဆွစ်ဇာလန် လေလံပွဲတွင် အကြီးဆုံး ရှားပါး ပန်းရောင်စိန်ပွင့် လေလံပစ်မည်

ဓာတ်ပုံ - newsfirst.lk
728
ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အခု နိုဝင်ဘာလ ကျင်းပမယ့် လေလံပွဲမှာ ရှားပါးတဲ့ ပန်းရောင်စိန်ပွင့်ဟာ အဲ့ဒီအမျိုးအစားမှာ အကြီးဆုံးဖြစ်လာမယ်လို့ ခရစ္စတီးလေလံတိုက်က ဆိုပါတယ်။
၁၆ ဒသမ ၀၈ ကာရက်ရှိတဲ့ ပန်းရောင်စိန်ပွင့်ဟာ အမေရိကန်ဒေါ်လာ ၂၃ သန်းကနေ ၂၈ သန်းကြား ရရှိမယ်လို့ ခန့်မှန်းထားကြောင်း လေလံတိုက်ရဲ့ နိုင်ငံတကာ အကြီးတန်း ကျွမ်းကျင်သူက ဆိုပါတယ်။
ဒီစိန်ပွင့်ရဲ့ ထူးခြားချက်က ရောင်းချခဲ့သမျှထဲမှာ အလေးချိန်အရရော၊ အရွယ်အစားအရပါ အကြီးဆုံးဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။
ဒီစိန်ပွင့်ကို လက်စွပ်အဖြစ် ကွပ်ထားပြီး အပြင်မှာ စိန်တရစ်နဲ့ ပန်းရောင် စိန်တရစ်စီ ထပ်ကွပ်ထားပါတယ်။
အမေရိကန်ကျောက်မျက်အဖွဲ့ချုပ်က Fancy Vivid လို့ အမည်ပေးထားပြီး ၂ ခု မရှိဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဒီစိန်ပွင့်ဟာ မှတ်တမ်းတင် ဈေးရရှိဖို့လည်း လေလံတိုက်က မျှော်လင့်ထားပါတယ်။
ဒီလေလံပွဲမှာ ၁၉ ရာစု အီတလီနိုင်ငံ၊ အောဝ်စတားမြို့စားကတော် ပိုင်ဆိုင်တဲ့ စိန်အနားကွပ် မြလည်ဆွဲတဆွဲနဲ့ ၁၁၉ ကာရက်နီးပါးရှိပြီး Royal Blue လို့ခေါ်တဲ့ မြန်မာနီလာတပွင့်ကိုလည်း ရောင်းချမှာပါ။
မြလည်ဆွဲကတော့ အမေရိကန်ဒေါ်လာ ၁ သန်းခွဲကနေ ၂ သန်းခွဲကြားရမယ်လို့ ခန့်မှန်းထားပြီး မြန်မာနီလာပွင့်ကတော့ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ကနေ ၃ သန်း ၆ သိန်းလောက်အထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။