A d v e r t i s e m e n t With Us

ထိုင်ဝမ်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၂၉ ဦးရှိပြီ

ထိုင်ဝမ်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၂၉ ဦး ရှိသွားပြီလို့ ထိုင်ဝမ်ကူးစက် ရောဂါထိန်းချုပ်ရေးဌာနက အောက်တိုဘာ ၃၀ ရက်နေ့က ကြေညာပါတယ်။ အခုနှစ်မေလက စတင်ဖြစ်ပွားခဲ့တာမှာ ရောဂါကူးစက်မှု ၂၉၀၀၀ နီးပါး ရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က ထပ်မံကူးစက်မှု ၃၀၀ ကျော် ရှိခဲ့တဲ့ထဲမှာ အဆိုးဆုံးဖြစ်ပွားနေတဲ့ ကောင်းရှုံမြို့က ၂၀၀ ကျော်ပါဝင်ပါတယ်။ ထိုင်နန်မြို့မှတော့ အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပေမယ့် ကောင်းရှုံမြို့မှတော့ အရေအတွက်က အမြင့်ဆုံးဖြစ်နေဆဲလို့ ကူးစက်ရောဂါထိန်းချုပ်ရေး အာဏာပိုင်တဦးက ပြောဆိုပါတယ်။ ရောဂါကာကွယ်တားဆီးရေး အစီအစဉ်တွေကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ တောင်ပိုင်းမြို့နယ် ၂၁ မြို့မှာ အများဆုံး ဖြစ်ပွားတယ်လို့ ရောဂါထိန်းချုပ်ရေးအာဏာပိုင်က ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up