ရီးရဲလ် ၃-၁ ပဲလ်မက်စ် (ရုပ်သံဟိုက်လိုက်)

1.2K
အောက်တိုဘာ ၃၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်က လက်စ်ပဲလ်မက်စ်ကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် အစ္စကို၊ ရော်နယ်ဒို၊ ဂျက်စီတို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။
အက်လ်ပဲလ်မက်စ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဟာနန်က ၃၈ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်ဟာ ဒီပွဲအနိုင်ကြောင့် ၁၀ ပွဲကစား ရမှတ် ၂၄ မှတ်နဲ့ ဘာစီလိုနာနဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
ပဲလ်မက်စ်အသင်းကတော့ ၁၀ ပွဲကစား ရမှတ် ၆ မှတ်သာ ရရှိပြီး အမှတ်ပေးဇယား အောက်ဆုံးအထက်မှာ ရပ်တည်နေပါတယ်။