A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် အဆောက်အဦတခုပြိုကျ (ရုပ်သံ)

တရုတ်နိုင်ငံ အလယ်ပိုင်းက ဟီနန်ပြည်နယ်ထဲမှာ လူနေအဆော်ကအဦတခု ပြိုကျပြီး လူ ၁၇ ယောက် သေဆုံး၊ ၂၃ ယောက် ဒဏ်ရာရသွားပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့က ပြိုကျခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံပိုင် ရုပ်သံ စီစီတီဗွီရဲ့သတင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေက  အပျက်အစီးတွေကြားထဲမှာ ရှာဖွေနေတာကို ပြသပါတယ်။ ဆင်ဟွာသတင်းအရ အဆောက်အဦကို ပြန်လည်ပြင်ဆင်မွမ်းမံနေတဲ့အချိန်မှာ မတော်တဆ ဖြစ်တာလို့ ဆိုပါတယ်။ အသက်ရှင်သူ ၂၃ ယောက်ကို အပျက်အစီးတွေ ကြားထဲကနေ ကယ်ထုတ်ခဲ့ရပြီး ၉ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ၀ူယန်နယ်မြေ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ အဆောက်အဦပြိုကျတဲ့ အကြောင်းကို ဆက်လက် စုံစမ်းနေတယ်လို့လည်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up