A d v e r t i s e m e n t With Us

မြန်မာနိုင်ငံသား စိစစ်ရေး ဆိုင်းငံ့ရန် ထိုင်းအစိုးရ စာပို့

Workers tailor and arrange clothing at a garment factory at Hlaing Tar Yar industry zone in Yangon March 10, 2010. Western sanctions that have decimated Myanmar's once-thriving garment sector have led to a rare spate of strikes that have unnerved its military rulers, fearful of civil unrest in the run-up to long-awaited elections. REUTERS/Soe Zeya Tun (MYANMAR - Tags: SOCIETY BUSINESS MILITARY CIVIL UNREST)
ထိုင်းနိုင်ငံမှာ ပန်းရောင်နေထိုင်ခွင့်ကတ်ရှိပေမယ့် မြန်မာမှတ်ပုံတင်ကတ်ပြားမရှိတဲ့ အလုပ်သမားတွေအတွက် နိုင်ငံသားဖြစ်ကြောင်း ထောက်ခံပေးဖို့လိုအပ်တဲ့ ကိုယ်ရေး အချက်အလက်တွေကို မြန်မာအစိုးရအစီအစဉ်နဲ့ ကွင်းဆင်းဆောင်ရွက်နေရာမှာ ထိုင်းအစိုးရ ဘက်က  ဆိုင်းငံ့ထားဖို့ သက်ဆိုင်ရာ မြန်မာသံရုံးကို စာပို့ထားပါတယ်။ မြန်မာအစိုးရရဲ့ ကွင်းဆင်းဆောင်ရွက်နေမှုအခြေအတွေကို ထိုင်းဘက်က ပွင့်ပွင့်လင်းလင်း မသိရတာကြောင့် စိုးရိမ်မကင်းဖြစ်မိလို့ အချိန်အတိုင်းအတာတခုထိ ဆိုင်းငံ့ထားဖို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက အောက်တိုဘာ ၂၀ ရက် နေ့စွဲနဲ့ စာတစောင် ပေးပို့ခဲ့တယ်လို့ ဘန်ကောက် ထိုင်း-မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။ "ထိုင်းမှာရောက်နေတဲ့ အလုပ်သမားတွေအတွက် ကျနော်တို့ နိုင်ငံသားစိစစ်ရေးတွေ လုပ်နေပါတယ်။ အဓိကက မြန်မာမှတ်ပုံတင် မရှိသူတွေပေါ့။ မြန်မာအစိုးရဘက်က စေလွှတ်တဲ့ အဖွဲ့တွေက ကွင်းဆင်းပြီးကိုယ်ရေးအချက်အလက်တွေ ကောက်နေတာ။ ဒါပေမယ့် ထိုင်းဘက်က အဖြေတခုသိဖို့ ဆိုင်းငံ့ထားဖို့ ပြောတာပါ။ ကျနော်တို့ ဒီစာရင်းကောက်တာဟာ ဘာထွက်မလဲဆိုတဲ့ အဖြေကို သူတို့ကသိချင်တာ။ ကျနော်တို့ကလည်း အဲဒီ နိုင်ငံသားစိစစ်တဲ့ အပေါ် မူတည်ပြီးမှ ပတ်စ်ပို့ပဲထုတ်ပေးမလား၊ စီအိုင် Certificate of Idendity (နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်) ထုတ်မလားဆိုတာ ပြန်ဆုံးဖြတ်မှာဖြစ်ပါတယ်။" ဒါကြောင့် နှစ်ဘက်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန အကြီးအကဲတွေ၊ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်တခုချမှ ဒီလုပ်ငန်းစဉ်တွေ ပြန်လည်ဆောင်ရွက်နိုင်မယ်လို့ သူကဆက်ပြောပါတယ်။ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက .ယာယီနေထိုင်ခွင့် (ပန်းရောင်ကတ်ပြား ) တွေ ထုတ်ပေးပြီးတဲ့နောက် လုပ်ငန်းစဉ်အရ အလုပ်သမားမှတ်ပုံတင် နဲ့ နိုင်ငံကူးလက်မှတ်တွေ ဆက်လက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ အရင်ဆုံး နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ဖို့ လိုအပ်ပြီး မြန်မာ မှတ်ပုံတင်မရှိတဲ့ လူတွေအတွက် အခက်အခဲဖြစ်နေကြပါတယ်။ အလုပ်သမားတွေ နိုင်ငံသားစိစစ်မှု လျင်မြန်စွာပြီးဆုံးရေး၊ မြန်မာမှတ်ပုံတင်မရှိသူတွေ အတွက် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံပေးရေးအတွက် မြန်မာအလုပ်သမား ၀န်ကြီး ဌာန ပြည်ပအလုပ်အကိုင်ကြီးကြပ်ရေးကော်မတီရဲ့ အစီအစဉ်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း ကစပြီး အဖွဲ့ပေါင်း ၁၉ ဖွဲ့ ခွဲကာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုလို နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် ဆိုင်းငံ့ထားဖို့ ဖြစ်လာရတဲ့ အကြောင်းရင်းတွေ ထဲမှာ လုပ်ငန်းစဉ်ပေါ်အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာ မသမာမှုတွေ ရှိတာကြောင့် ဖြစ်နိုင်တယ်လို့  မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို အခုလိုပြောပါတယ်။ “အစိုးရက ဒီလိုလုပ်ပေးနေတာ အမှန်တော့ အခမဲ့လို့ပြောပါတယ်။ ဒါပေမယ့် အလုပ် အဖွဲ့နဲ့နီးစပ်တဲ့ ပွဲစားတချို့က မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံကတ်ပြား ထုတ်ပေး မယ်ဆိုပြီး အလုပ်သမားတွေဆီက ဘတ်ငွေထောင်ချီတောင်းတယ်လို့ကြားတယ်။ အဲဒီအချက် အလက်တွေ ထိုင်းအစိုးရကလည်း ရသွားပါလိမ့်မယ်၊ ပန်းရောင်ကတ်တွေက လာမယ့် နှစ် မတ်လဆို သက်တမ်းကုန်ပြီ၊ ၅ လလောက်က ခဏလေးနဲ့ ပြည့်သွားမှာ၊ ရှေ့ဆက်အခြေအနေ ဘယ်လိုလာဦးမလဲမသိဘူး။” သူတို့ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အနေနဲ့တော့ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံပေးတဲ့ ကတ်ကို မလုပ်ဘဲ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကလို တခါတည်း ယာယီနိုင်ငံကူးလက်မှတ်ကို တန်းပြီးလုပ်ပေးဖို့  အလုပ်သမားဆွေးနွေးပွဲတွေမှာ အစိုးရထံ တင်ပြခဲ့တယ်လို့  ပြောပါတယ်။ ထိုင်းနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအမျိုး သား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီအစိုးရက  ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လကနေ အောက်တိုဘာလ အတောအတွင်း ပန်းရောင်ယာယီနေထိုင်ခွင့်ကတ်ပြားတွေ ထုတ်ပေးခဲ့ရာမှာ မြန်မာနိုင်ငံသားပေါင်း ၆ သိန်းကျော် မှတ်ပုံတင်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up