တရုတ်တွင် ပင်လယ်က ထိုးဝင်လာသည့် ဒီလှိုင်းကြောင့် လူအများ ရေထဲမျော (ရုပ်သံ)

3.5K
တရုတ်နိုင်ငံ ဟန်ဇူးမြို့က ဆည်တခုမှာ ကျဉ်းမြောင်းတဲ့ ရေစီးကြောင်းတလျှောက် ပင်လယ်ကနေ လျင်မြန်စွာတိုးဝင်လာတဲ့ ဒီလှိုင်းတွေကြောင့် လူ ၂၀ လောက် ရေနဲ့အတူ မျောပါသွားပါတယ်။
အောက်တိုဘာ ၂၈ ရက်က သတိပေးထားတာကို လျစ်လျူရှုပြီး လူတွေက ဆည်မှာ ရေလှိုင်းတွေ မြင့်တက်လာတာကို စောင့်ကြည့်ခဲ့ကြပါတယ်။
ဒီလို စောင့်ကြည့်နေရာမှာ ရုတ်တရက် လှိုင်းလုံးကြီးတွေ မြင့်တက်လာပြီး လူတွေရှိရာကို ရေစီးကြောင်းက ၀င်ရောက်သွားတာ ဖြစ်ပါတယ်။
ကံကောင်းထောက်မစွာ တဦးတယောက်မှ ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်း မရှိပါဘူး။