Home
နိုင်ငံရေး
ကေအိုင်အိုနှင့်​ ကချင်ပြည်နယ်အစိုး​ရ ​တွေ့​ဆုံ
အေးနိုင်
·
July 1, 2011
ကချင်ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်အဖွဲ့​ဟာ ကချင်လွတ်လပ်​ရေး​တပ်မ​တော် ကိုယ်စား​လှယ်အဖွဲ့​နဲ့​ဇွန် ၃၀ ရက်​နေ့​က ​တွေ့​ဆုံပြီး​ နှစ်ဘက်အကြား​ ပြဿနာ​တွေကို စစ်​ရေး​နည်း​နဲ့​မ​ဖြေရှင်း​ဘဲ နိုင်ငံ​ရေး​နည်း​အရ ​ဖြေရှင်း​ဖို့​ အဆိုပြုသွား​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။ [caption id="attachment_11956" align="alignleft" width="310" caption="စစ်ပြေးဒုက္ခသည်များ"][/caption] နှစ်ဘက်တာဝန်ရှိသူ​တွေဟာ တရုတ်-မြန်မာနယ်စပ် ​ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီး​ နှစ်ဘက်တပ်​တွေစခန်း​ချရာနဲ့​ မလှမ်း​မကမ်း​မှာရှိတဲ့​ ​လေဂျား​ယံ​ကျေး​ရွာလယ်မှာ ယာယီမဏ္ဍပ်ထိုး​ကာ တနာရီခန့်​တွေ့​ဆုံကြပြီး​ ဆန္ဒအသီး​သီး​ထုတ်​ဖော်​ပြောဆိုကြပါတယ်။ အစိုး​ရဘက်က ကချင်ပြည်နယ်လုံခြုံ​ရေး​နဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ သန်း​အောင်၊​ ကချင်ပြည်နယ် အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ခက်ထိန်နန်၊​ ကချင်အမျိုး​သား​များ​အတိုင်ပင်ခံအဖွဲ့​ဥက္ကဋ္ဌ ဦး​ဆင်ဝါး​နော်တို့​ လာ​ရောက်ပြီး​ ​ကေအိုင်အိုဘက်က ​ကေအိုင်​အေ ဒုတိယစစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ်ဂွမ်​မော် ဦး​ဆောင်တဲ့​ ​ခြောက်ဦး​ပါ ကိုယ်စား​လှယ်အဖွဲ့​တို့​ ​တွေ့​ဆုံခဲ့​ပါတယ်။ ဒီ​တွေ့​ဆုံမှုဟာ ပဏာမ ​တွေ့​ဆုံမှုသာဖြစ်ပြီး​ ​ဆွေး​နွေး​တာ​တော့​မရှိပါဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။ နှစ်ဘက် တာဝန်ရှိသူ​တွေ ဘယ်အ​ကြောင်း​အရာကို ဦး​တည်ပြီး​တော့​ ၁ နာရီ အကြာတွင်း​မှာ ​ဆွေး​နွေး​တာလဲ။ “အဓိကက​တော့​ ဒါ ပမာဏ ​တွေ့​ဆုံမှုလို့​ပြောရမယ်။ ​ဆွေး​နွေး​မှုအပိုင်း​တော့​ မရှိဘူး​။ သူတို့​ ​ပြောဆိုချက်ကို ကျ​နော်တို့​ နား​ထောင်ပြီး​မှ ကျ​နော်တို့​ ဟိုတခါတုန်း​က စာနဲ့​ရေး​ထား​တဲ့​ အ​ကြောင်း​ကို သူတို့​ ပြန်ပြီး​တော့​ ​ပြောကြား​လိုက်တယ် အဲဒီ အချက်​တွေပါပဲ။ ဒါ​ပေမယ့်​ မ​နေ့​က ​တွေ့​ဆုံမှုအ​ပေါ်မှာ ပြန်ပြီး​တော့​ နှစ်ဦး​နှစ်ဖက်က​နေပြီး​တော့​ ဒါ အ​ကောင်း​ကို ဦး​တည်သွား​ချင်တယ် ဆိုရင်​တော့​ အဲဒီ ​တွေ့​ဆုံမှုက​နေပြီး​တော့​ ​ဆွေး​နွေး​ပွဲ​တွေ ဖြစ်လာနိုင်ပါတယ်။ အပစ်ခတ်ရပ်စဲ​ရေး​ အတွက်​ပေါ့​နော်။ ဒါ​ပေမယ့်​ သူတို့​ပြောတာက ဘာလဲဆို​တော့​ အဓိကက​တော့​ အချက် ၃ ချက်ပါ။ ပထမက​တော့​ သူတို့​တပ်ဘက်က​တော့​ ဒီ ဇွန်လ ၁၈ က​နေ စပြီး​တော့​ ​ကေအိုင်​ကေဘက်က စပစ်ဘူး​ ဆိုရင် သူတို့​ဘက်ကလည်း​ မပစ်ဘူး​ ဆိုပြီး​တော့​ ညွှန်ကြား​ထား​ပြီး​ပြီ ဖြစ်တဲ့​အတွက်​ကြောင့်​မို့​လို့​ ခင်ဗျား​တို့​ ကချင်တပ်​တွေလည်း​ ​ရှေ့​တန်း​ကို ညွှန်ကြား​ပေး​ပါ။ ပစ်ခတ်မှု​တွေ မလုပ်ကြဖို့​ ဆိုတဲ့​ အပိုင်း​တခု ပါတယ်။ “ဒုတိယ အချက်က​တော့​ ​တွေ့​ဆုံမှု​တွေ စတဲ့​အတွက်​ကြောင့်​မို့​လို့​ ​နောင့်​နောင်လည်း​ အမြဲတမ်း​ဆက်သွယ်မှု လွယ်ကူ​အောင်ဆိုပြီး​တော့​ မြစ်ကြီး​နား​မှာ ရှိတဲ့​ ကျ​နော်တို့​ ဆက်ဆံ​ရေး​ရုံး​မှာ ပြန်ပြီး​တော့​ ဖွင့်​လှစ်​ပေး​ဖို့​ဆိုတဲ့​ အချက် တချက်ပါတယ်။ “​နောက်တချက်က​တော့​ ဒီအခု နိုင်ငံ​ရေး​ကြောင့်​ ဖြစ်လာတဲ့​ ပြဿနာ​တွေကို စစ်​ရေး​နဲ့​ ​ဖြေရှင်း​ဖို့​ မဟုတ်ပဲနဲ့​ နိုင်ငံ​ရေး​အရ ​ဖြေရှင်း​မှု ရှိ​အောင် ဆိုတဲ့​အချက် အဓိက​တော့​ အဲဒီ ၃ ချက်ပါပဲခင်ဗျ။” ကေအိုင်အိုဘက်က​ကော ဘယ်နှချက် ပြန်တင်ပြလိုက်လဲ။ “သူတို့​ရဲ့​ ဒီ တဖက်သတ် အပစ်ခတ်ရပ်စဲခိုင်း​ထား​တယ် ဆိုတဲ့​ အချက်အ​ပေါ်မှာ ကျ​နော်တို့​က ၁၉ ရက်​နေ့​မှာ ဦး​သိန်း​ဇော်ကို လိပ်မူပြီး​တော့​ ​ပေး​လိုက်တဲ့​ စာပါအချက်ကို ပြန်​ပြောပါတယ်။ အဲဒီလိုမျိုး​ လုပ်တာဟာ ကျ​နော်တို့​ဘက် အတွက်​တော့​ ဒါ သူတို့​ရဲ့​ ညွှန်ကြား​ချက်ကို ကျ​နော်တို့​ သိရှိနိုင်ဖို့​အတွက် ခိုင်ခိုင်မာမာ ရှိရမယ်၊​ သက်​သေအ​ထောက်အထား​ ရှိရမယ်ဆိုတဲ့​ စာရွက်စာတမ်း​ကို ​တောင်း​ဆိုတုန်း​ပါပဲ ခင်ဗျ။ အဓိကက အဲဒါပါပဲ။” အဲဒီ​တော့​ နှစ်ဖက် ​တွေ့​ဆုံပွဲမှာ ဒုက္ခသည် တ​သောင်း​လောက် ကိစ္စ​တွေကို​ကော ဘာ​ဆွေး​နွေး​ကြပါသလဲ။ “အဲဒီအဆင့်​တော့​ မ​ရောက်​သေး​ဘူး​။ အခု ပမာဏ​တွေ့​ဆုံတယ် ဆို​တော့​ ပထမဦး​ဆုံး​တော့​ နှစ်ဦး​နှစ်ဖက် ​ပြေ​ပြေလည်လည်နဲ့​ သ​ဘောထား​တွေ အရင်ညှိပြီး​မှ ယာယီအပစ်ခတ်ရပ်စဲ​ရေး​ဆိုတဲ့​ အဆင့်​ကို ​ရောက်ရှိဖို့​ပါပဲ။ အဲဒီ​နောက်မှ ကျန်တဲ့​ဟာ​တွေ ​ဆွေး​နွေး​ဖို့​ အများ​ကြီး​ ရှိပါလိမ့်​မယ်။” ကေအိုင်အို မြစ်ကြီး​နား​ ဆက်ဆံ​ရေး​ရုံး​ ပြန်လည်ဖွင့်​ရေး​ကိစ္စက လာ​ရောက်ဖွင့်​လှစ်ပါလို့​ ကမ်း​လှမ်း​တာလား​၊​ ​ကေအိုင်အိုဘက်​နေ ဖွင့်​ပါရ​စေလို့​ ​တောင်း​ဆိုတာလား​။ “အဲဒါက​တော့​ သူတို့​ဘက်က​နေ ​ပြောတာပါ။ အခုက ပြန်ပြီး​တော့​ ဆက်ဆံရမယ့်​၊​ ဆက်သွယ်ရမယ့်​ အလုပ်​တွေ ရှိလာလိမ့်​မယ်။ အဲဒါ​ကြောင့်​မို့​ ဆက်သွယ်​ရေး​လမ်း​ကြောင်း​ ရှိ​အောင်ဆိုပြီး​တော့​ မြစ်ကြီး​နား​မှာ ရှိတဲ့​ ဆက်ဆံ​ရေး​ရုံး​ကို ပြန်ပြီး​တော့​ လာဖွင့်​ပေး​ပါ ဆိုပြီး​တော့​ အဲဒီ ဗိုလ်မှူး​ကြီး​ သန်း​အောင်က​နေ ​ပြောဆို လာတာပါ။” အဲဒီအထဲမှာ ဗိုလ်မှူး​ကြီး​သန်း​အောင် အခုနက​ပြောတဲ့​၊​ ဦး​လနန်း​ ချုပ်​ပြောတဲ့​ ၃ ချက်ထဲမှာ နံပါတ် ၃ အဆင့်​ဖြစ်တဲ့​ နိုင်ငံ​ရေး​ပြဿနာ​တွေကို စစ်​ရေး​နည်း​နဲ့​ ​ဖြေရှင်း​တာထက် စာရင် နိုင်ငံ​ရေး​နည်း​လမ်း​အရ ​ဆွေး​နွေး​ ​ပြောကြား​ရ​အောင် ဆိုပြီး​တော့​ ​ပြောကြား​ချက် ပါတယ်မဟုတ်လား​။ အဲဒါက ဒီ မြန်မာ့​တပ်မ​တော် ​ခေါင်း​ဆောင် တာဝန်ရှိသူ တ​ယောက်က​နေပြီး​တော့​ အခုလို ​ပြောကြား​ချက်က ထူး​ထူး​ဆန်း​ဆန်း​လို ဖြစ်​နေပြီး​တော့​ အဲဒီအ​ပေါ်မှာ ​ကေအိုင်​အေက ဘယ်လိုမြင်လဲ။ “အဲဒီ တတိယအချက်နဲ့​ ပတ်သက်ပြီး​တော့​ ကျ​နော်တို့​က​တော့​ အမြဲတမ်း​ ​ပြောဆို​နေတာပါပဲ။ နိုင်ငံ​ရေး​ ပြဿနာကို နိုင်ငံ​ရေး​အရ ​ဖြေရှင်း​ရ​အောင် ဆိုတဲ့​ ​ဖြေရှင်း​ချက်ကို ကျ​နော်တို့​ အရင်ပါလီမန်​ခေတ်မှာလည်း​ လုပ်ခဲ့​တာပဲ။ အဲဒီကျ​တော့​ နိုင်ငံ​ရေး​အရ ဖြစ်လာတဲ့​ ပြဿနာကို နိုင်ငံ​ရေး​နဲ့​ မ​ဖြေရှင်း​ပဲနဲ့​ နိုင်ငံ​ရေး​အရ နှိပ်ကွပ်တာမျိုး​ လုပ်လာတဲ့​အတွက်​ကြောင့်​ ​နောက်ဆုံး​တော့​ လက်နက်ကိုင် ​တော်လှန်ရတဲ့​အထိ ​ရောက်လာတာ​ပေါ့​။ အဲဒါကြောင့်​မို့​လို့​ ကျ​နော်တို့​ အမြဲတမ်း​ပြောဆို ​နေတာက​တော့​ နိုင်ငံ​ရေး​ကြောင့်​ ဖြစ်လာတဲ့​ ပြဿနာကို နိုင်ငံ​ရေး​ နည်း​လမ်း​အတိုင်း​ စား​ပွဲ​ပေါ်မှာ ​ဆွေး​နွေး​ရ​အောင်ဆိုတဲ့​ ကျ​နော်တို့​ရဲ့​ ဒီစွဲကိုင်မှု တခု ပါပဲ။ ကျ​နော်တို့​ အမြဲတမ်း​ပြောဆို​နေတဲ့​ ဒီအသုံး​အနှုန်း​တွေကို အခုလာပြီး​တော့​ ​တွေ့​ဆုံတဲ့​ ဗိုလ်မှူး​ကြီး​ သန်း​အောင်နဲ့​ အဖွဲ့​ အဲဒီလိုစကား​ ​ပြောလာတယ်ဆိုရင်​တော့​ ဒါ ကျ​နော်တို့​ ​ပြောဆိုတဲ့​ စကား​တွေကို သူတို့​က ပြန်ပြီး​တော့​ ထုတ်​ဖော်​ပြောဆိုတဲ့​ သ​ဘောလို့​ ကျ​နော်တို့​ မြင်တယ်။ တကယ်လို့​ အဲဒီလိုမျိုး​သာ စိတ်သ​ဘောထား​ဖြူဖြူစင်စင်နဲ့​ လုပ်​ဆောင်သွား​မယ် ဆိုရင်​တော့​ ​ကောင်း​တဲ့​ လက္ခဏာ​တော့​ ​ရောက်သွား​နိုင်တယ်​လေ။ ဒါ​ပေမယ့်​ သူတို့​ ဘာရည်ရွယ်ချက်နဲ့​ အဲဒီလို ​ပြောလိုက်တာလဲ ဆိုတာ​တော့​ မ​ပြောနိုင်​သေး​ဘူး​။ ​နောက်တခုက​တော့​ အခုဗိုလ်မှူး​ကြီး​ သန်း​အောင်က​တော့​ တစ်- ရာထူး​ ရှိ​ပေမယ့်​ သူက အခု တာဝန်ယူထား​တာက တပ်မ​တော်ဘက်မှာ တာဝန်ထမ်း​ဆောင်တာမျိုး​တော့​ မရှိဘူး​။ ဒီတပ်မ​တော်ရဲ့​ လွှတ်​တော် ၂၅ ရာခိုင်နှုန်း​ထဲမှာ အဲဒီမှာ ပါတယ်။ ​နောက်ပြီး​တော့​ သူက ပြည်နယ်အစိုး​ရမှာ ဝန်ကြီး​တဦး​ အ​နေနဲ့​ ပါတဲ့​အတွက်​ကြောင့်​ တပ်မ​တော်ပိုင်း​ဆိုင်ရာ အရာရှိတဦး​လို့​ ​ပြောဖို့​ရာက​လေည်း​ ခပ် ခက်ခက်ဖြစ်​နေတယ်။ ဒါ သူက ​ပြောဆိုတာ​တော့​ ဒီ ကချင်ပြည်နယ် အစိုး​ရကိုယ်စား​လို့​ ​ပြောဆိုတယ်။ အဲဒီကျ​တော့​ သူ​ပြောဆိုမှုက ခုနက ​မေး​ခွန်း​ထဲမှာ ပါသလိုပဲ တပ်မ​တော်ဘက်က အရာရှိတဦး​ဆိုတာထက် သူက ပြည်နယ်အစိုး​ရဝန်ကြီး​ တဦး​လို့​ ကျ​နော်တို့​ အဲဒီလိုပဲ သတ်မှတ်တယ် ခင်ဗျ။” တိုက်ပွဲ​တွေ အ​ခြေအ​နေက​ကော ​နောက်ဆုံး​အ​ခြေအ​နေကို ​ပြေပြ​ပေး​ပါ။ “ဒီ​နေ့​တော့​ မရှိပါဘူး​ ပုံမှန်ပါပဲ ခင်ဗျ။” အခုက ဒုက္ခသည် ပြဿနာက​တော့​ အကြီး​အကျယ် ဝန်ထုပ်ဝန်ပိုး​ကြီး​ ဖြစ်​နေပြီ​ပေါ့​နော် ​ကေအိုင်အိုမှာ။ “ဟုတ်တယ် အဲဒါက​တော့​ မှန်ပါတယ် ခင်ဗျ။ အခုက မိုး​က ဆက်တိုက်ရွာ​နေတယ်၊​ ကျ​နော်တို့​ဘက် ​နေ​တောင်မပွင့်​ဘူး​။ အဲဒီကျ​တော့​ ​တော်​တော်​လေး​ ဒုက္ခ​ရောက်​နေကြတယ်။ မိုး​ရွာ​တော့​ အဓိက ပြဿနာက သုံး​ရေ​ပေါ့​နော်။ ​သောက်​ရေက​တော့​ ဒီ​လောက် မဟုတ်ဘူး။ သူတို့​ သုံး​စွဲ​နေတဲ့​ သုံး​စွဲ​ရေက​တော့​ သိပ်မသန့်​ဘူး​။ မိုး​ကျ​ရေဆို​တော့​ ​ချောင်း​က​နေပြီး​တော့​ သုံး​နေရတယ် ဆို​တော့​ အဲဒါ ကျန်း​မာ​ရေး​အတွက် နည်း​နည်း​ စိုး​ရိမ်စရာ ရှိတယ်။” တရုတ်အစိုး​ရက ကြား​ဝင်ပြီး​တော့​ ​စေ့​စပ်တာမျိုး​လုပ်ဖို့​ ဦး​တို့​ကော ကမ်း​လှမ်း​သေး​လား။ “အဲဒါ​တော့​ ဘာမှ မရှိ​သေး​ဘူး​ ခင်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024