အမေရိကန်တွင် လေယာဉ်တစီး ပြေးလမ်းပေါ်မောင်းနေစဉ် အင်ဂျင်မီးလောင် (ရုပ်သံ)

1.9K
အမေရိကန်ပြည်ထောင်စု၊ ဖလောရီဒါပြည်နယ်မှာ လေယာဉ်တစီး လေယာဉ်တက်ဖို့ ပြေးလမ်းပေါ်တက်မောင်းနေစဉ် လေယာဉ်အင်ဂျင် မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒိုင်နဲယ်မိုက်လေကြောင်းလိုင်း ဘိုးရင်း 767 ဟာ အောက်တိုဘာ ၂၉ ရက်နေ့က ဖလော်ရီယာပြည်နယ်၊ ဖိုဒ့်လောဒါဒယ် Fort Lauderdale အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဗင်နီဇွဲလားနိုင်ငံကို ထွက်ခွာဖို့ဖြစ်ပြီး ဘယ်ဖက်အင်ဂျင် ဆီယိုစိမ့်မှုကနေ မီးလောင်ကျွန်းခဲ့တာလို့ဆိုပါတယ်။
ခရီးသည်အားလုံးကို ကယ်ဆယ်ပြီး မီးငြိမ်းသတ်ခဲ့ပေမယ့် လူတယောက်တော့ မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။
လေယာဉ်ငြိမ်းသတ်ရေးနဲ့ ခရီးသည်ကယ်ဆယ်ရေး အစီအစဉ်တကျဖြစ်ခဲ့ပြီး ဒဏ်ရာရသူတွေကို ဖလော်ရီဒာ ဘရောဝေါဒ့် Florida Broward ဆေးရုံမှာ ဆေးကုသထားတယ်လို့ လေကြောင်းလိုင်းကပြောဆိုပါတယ်။
အမေရိကန်လေကြောင်း အာဏာပိုင်အဖွဲ့က မီးကူးစက်လောင်ကျွမ်းရတဲ့အကြောင်းရင်းကို စုံစမ်းဖို့ အဖွဲ့တဖွဲ့စေလွှတ်ထားပါတယ်။
ဒီ ဒိုင်နဲယ်မိုက်လေကြောင်းလိုင်းဟာ ဖလော်ရီဒါပြည်နယ်၊ မြို့၊ နယူးယောက်မြို့၊ ဗင်နီဇွဲလားနိုင်ငံနဲ့ ဂိုင်ရာနာ Guyana နိုင်ငံတွေကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။