ရိုမေးနီးယား နိုက်ကလပ်မီးလောင်၊ ၂၆ ဦး သေဆုံး

Emergency services work outside a nightclub in Bucharest, Romania October 31, 2015. REUTERS/Inquam Photos



1.3K
အောက်တိုဘာ ၃၀ ရက် ရိုးမေးနီးယားနိုင်ငံ ဘူချာရတ် ညကလပ်တခုမှာ မီးလောင်တဲ့ အတွက် လူ ၂၆ ဦးသေဆုံးပြီး ၈၈ ဦးဒဏ်ရာရသွားတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။
ဆယ်စုနှစ်အတွင်း မြို့တော်မှာ အဆိုးဝါးဆုံးဖြစ်ရပ်ဖြစ်ခဲ့ပြီး ပေါက်ကွဲမီးလောင်စဉ် ကလပ်ထဲမှာ လူတွေ ရာချီရှိနေတာ ဖြစ်ပါတယ်။
လက်ထောက် ပြည်ထဲရေးဝန်ကြီးအဆိုအရ သေဆုံးသူက မြင့်တက်လာနိုင်သလို ရောခ့် ဖျော်ဖြေပွဲအတွက် တက်ရောက်သူ ၄၀၀ ရှိတယ်လို့ ပြောပါတယ်။
ကလပ်ထဲမှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်ခဲ့တာကြောင့် တိုင်နဲ့ မျက်နှာကျက် မီးလောင်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
ဒဏ်ရာရသူအများစုကတော့ ဆေးရုံကို ကိုယ့်အစီစဉ်နဲ့ ကိုယ်သွားရောက်နေတယ်လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ လက်ထောက် ၀န်ကြီးချုပ်က ပြောပါတယ်။