Friday, June 9, 2023
HomeLead Storyထိုင်းမှသယ်လာသည့် မြန်မာကျပ်ငွေတုများ တာချီလိတ်တွင် ဖမ်းမိ

ထိုင်းမှသယ်လာသည့် မြန်မာကျပ်ငွေတုများ တာချီလိတ်တွင် ဖမ်းမိ

ထိုင်းနိုင်ငံတွင်းမှ သယ်ဆောင်လာတဲ့ မြန်မာကျပ်ငွေ ၁ သောင်းတန်အတု ကျပ်သိန်း ၅၀ ဖိုးလောက် တာချီလိတ်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

မြန်မာကျပ်ငွေစက္ကူအတုတွေကို လေယာဉ်လက်ဝယ်ယူရာမှာ အသုံးပြုခဲ့တာဖြစ်ပြီး လေယာဉ်လက်မှတ်အရောင်းစာရေးက ငွေစက္ကူတွေကို မသင်္ကာလို့ ကမ္ဘောဇဘဏ်မှာ သွားရောက်စစ်ဆေးရာက ငွေစက္ကူအတုဖြစ်ကြောင်းသိရတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားပြီး ဖမ်းဆီးခဲ့တယ်လို့ တာချီလိတ်ရဲစခန်းက ပြောပါတယ်။

ငွေစက္ကူအတုတွေကို ထိုင်းနိုင်ငံကနေ သယ်ဆောင်လာသူ ၃ ဦး တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ “ရွှေနဂါး” မိုတယ်မှာ သွားရောက်ဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေတစ်သောင်းတန် ၄၇၉ ရွက်နဲ့ လေယာဉ်လက်မှတ်ဖိုးပေးချေထားတဲ့ ငွေစက္ကူတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာကျပ်ငွေစက္ကူအတု သယ်ဆောင်လာသူ ၃ ဦးကို တာချီလိတ်မြို့မရဲစခန်း (ပ)၂၄၂/၂၀၁၅၊ မြန်မာနိုင်ငံတော်ဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်လှစ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ – ကိုဇက်

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular