ဒီမာရီယာသွင်းဂိုးဖြင့် ပီအက်စ်ဂျီက ရိန့်ကို အနိုင်ရ (ရုပ်သံ)

1.6K
အောက်တိုဘာ ၃၀ ရက် ပြင်သစ်လိဂ် ၀မ်းက ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)နဲ့ ရိန့် အသင်းတို့ ကစားရာမှာ ပီအက်စ်ဂျီအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးကို ဒုတိယပိုင်း ၇၅ မိနစ်မှာ အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ပြောင်းလာတဲ့ ဒီမာရီယာက သွင်းယူပေးသွားပါတယ်။
ပီအက်စ်ဂျီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားခဲ့သလို ဒုတိယပိုင်း တပိုင်းလုံး ရိန့် အသင်းကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် ရိန်းအသင်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပီအက်ဂျီအ သင်း ရုန်းကန်ခဲ့ရပါတယ်။
ဒီပွဲအနိုင်ရသွားတဲ့အတွက် အီအက်စ်ဂျီအသင်းဟာ ၁၂ ပွဲကစား ၁၀ ပွဲနိုင် ၃၂ မှတ်နဲ့ ပြင်သစ်လိဂ် ၀မ်း အမှတ်ပေးဇယားမှာ နံပါတ် ၁ နေရာကနေ ဦးဆောင်နေပါတယ်။