A d v e r t i s e m e n t With Us

ဦးနိုင်ငံလင်း တိုက်ခိုက်ခံရမှု တုံ့ပြန်ခြင်းမလုပ်ရန် အန်အယ်လ်ဒီ ကြေညာချက်ထုတ်

သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးရင်း တိုက်ခိုက်ခံခဲ့ရတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းတို့နဲ့ ပတ်သက်ပြီး တနိုင်ငံလုံးက အဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့ ဘယ်လို တုံ့ပြန်တာကိုမှ မလုပ်ပဲ မဲဆွယ်စည်းရုံးတာကို အရှိန်မပျက်ဆက်လုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အန်အယ်လ်ဒီပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အပါအ၀င် အောင်နိုင်ရေးအဖွဲ့ဝင်တွေဟာ သာကေတမြို့နယ်တွင်း ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်နေရင်း အောက်တိုဘာ ၂၉ ရက်ညက သာကေတ ၃ ရပ်ကွက်၊ မာန်ပြေ ၈ လမ်းမှာ ဓားနဲ့ အခုတ်ခံခဲ့ရတာပါ။ အဲဒါကြောင့် ဦးနိုင်ငံလင်း အပါအ၀င် သုံးယောက် ဒဏ်ရာရခဲ့ပြီး ဆေးရုံကြီးမှာ အတွင်းလူနာအနေနဲ့ ကုသမှုခံနေရပါတယ်။ ဓားနဲ့ ခုတ်သူတွေကို ဖမ်းဆီးရမိထားပြီး တရားဥပဒေနဲ့အညီ ရင်ဆိုင် ဖြေရှင်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up