A d v e r t i s e m e n t With Us

ဓားခုတ်ခံရသည့် ကိုနိုင်ငံလင်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဓားခုတ်ခံရတဲ့ လွှတ်တော်အမတ် ကိုနိုင်ငံလင်း ကို ဒီကနေ့ ညနေ ၄ နာရီခန့်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်း အပါအ၀င် အောင်နိုင်ရေးအဖွဲ့ဝင်တွေ သာကေတမြို့နယ်တွင်း ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှု ပြုလုပ်နေစဉ် အောက်တိုဘာ ၂၉ ရက်ညက ဓားနဲ့အခုတ်ခံခဲ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ်လောင်း ကိုနိုင်ငံလင်းနဲ့အဖွဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးဆင်းပြီး ပြန်အလာ သာကေတ ၃ ရပ်ကွက်၊ မာန်ပြေ ၈ လမ်းမှာ ဓားနဲ့ အခုတ်ခံခဲ့ရတာပါ။ လက်ရှိမှာတော့ ကိုနိုင်ငံလင်းဟာ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေအနက် ၃ ဦးကို သာကေတမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်  

A d v e r t i s e m e n t With Us

More News
Up