Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း ပုန်းအင်းဒေသ ရိုးရာလှေပြိုင်ပွဲ ကျင်းပ
နန်းမြနဒီ
·
October 30, 2015
12196366_1498518980442457_6117413596748878917_n
12193581_1498520350442320_6353947476942260457_n
12191948_1498520220442333_8357069486810088163_n
12063388_1498520590442296_3762487029099860555_n
12042992_1498519010442454_6786083414429189860_n
12004684_1498520470442308_2670362668703090711_n
11921619_1498520290442326_906861936190028740_n
11221535_1498519687109053_5394230995572384115_n
10934052_1498520320442323_3165969614480865066_n
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်ထဲမှာရှိတဲ့ ပုန်းအင်းဒေသ ရိုးရာလှေပြိုင်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်၊ သီတင်းကျွတ် အဖိတ်နေ့နဲ့ လပြည့်နေ့တွေမှာ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။ ပုန်းအင်းလို့ ခေါ်တဲ့ ဒေသထဲမှာ ရွာပေါင်း ၃၀ ကျော်ရှိပြီး ဆီဆိုင်မြို့နယ်၊ နောင်မွန်မြို့နယ်နဲ့ ကျောက်တလုံးမြို့နယ်ထဲမှာ တစိတ်တပိုင်းစီ ပါဝင်ပါတယ်။ မိုးရာသီဆို  ရေထဲမှာ၊ နွေရာသီဆို မြေပေါ်မှာ တနှစ်ကို နှစ်ဘ၀ လုပ်ကိုင်စားသောက်ပြီး ဆန်စပါးစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကာ ရေထဲမှာ စပါးရိတ်တဲ့ ဓလေ့ကလည်း ပုန်းအင်းရဲ့ ထူးခြားမှုတခု ဖြစ်ပါတယ်။ သူတို့ဒေသ ဓလေ့နဲ့ ပတ်သက်ပြီး ပုန်းအင်းဒေသ ဆိုင်လဲရွာသား စိုင်းမောဝ်းက ဒီဗွီဘီကို ခုလိုပြောပြပါတယ်။ "ကျနော်တို့က ကုန်းတလှည့် ရေတလှည့် နေရတော့ အိမ်ဆိုလည်း နှစ်ထပ်ခြေတံရှည် ဆောက်နေရတယ်။ အိမ်တအိမ်မှာ လှေလည်းရှိရတယ်၊ လှည်းလည်းရှိရတယ်။ အခုခေတ်တော့ ကားတွေ၊ ဆိုင်ကယ်တွေပေါ့၊ မိုးရာသီဆို ဆိုင်ကယ်တွေ ကားတွေကို ကုန်းပြင်မှာ သွားထားတယ်။ နှစ်တိုင်း သီတင်းကျွတ်ရောက်ရင် ဘုန်းကြီးကျောင်းတက်၊ လူကြီးမိဘ အဖိုးအဖွားတွေ ကန်တော့ပြီးရင် လှေပြိုင်ပွဲကြည့်ကြတယ်၊ သူ့ရွာကိုယ့်ရွာ အားပေးကြတယ်။" လှေပြိုင်ပွဲကို တနှစ် တရွာစီ အလှည့်ကျ ကျင်းပရာ ဒီနှစ်မှာတော့ နောင်ဇန့်ကျေးရွာမှာ ကျင်းပခဲ့ကြောင်း၊ ဒါပေမယ့် ဒီနှစ်မှာ ရေတွေခန်းခြောက်နေတဲ့အတွက် လှေအစီးရေ ၁၀ ကျော်ပဲ တွေ့ရတယ်လို့ စိုင်းမောဝ်းက ပြောပါတယ်။ ဓာတ်ပုံ - စိုင်းမောဝ်း၊ Sai Hak Tai  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024