A d v e r t i s e m e n t With Us

အန်အယ်လ်ဒီ အောင်နိုင်ရေး မုံရွာတွင် ဖျော်ဖြေ (ဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မုံရွာမြို့မှာ အနုပညာရှင်တွေ ဖျော်ဖြေပွဲကို ဒေသခံ သောင်းနဲ့ချီ တက်ရောက် အားပေးခဲ့ကြပါတယ်။ မဲဆွယ်စည်ရုံးရေးကို အောက်တိုဘာ ၃၀ ရက် မနက် ၁၀ နာရီလောက်က မုံရွာမြို့အရှေ့ဘက် ဆွမ်းအုပ်ဝိုင်းပတ်အနီး ဘောလုံးကွင်းမှာ ပြုလုပ်ခဲ့တာပါ။ ရွေးကောက်ပွဲအောင်နိုင်ရေးဖျော်ဖြေပွဲကို အဆိုတော် ချစ်သုဝေ၊ သျှီ၊ အာဇာနည်၊ ကော်နီ၊ အနဂ္ဂ၊ ရင်ဂို၊ အက်ဆစ်အဖွဲ့ အပါအ၀င် အနုပညာရှင် ၁၇ ဦးခန့် ဖျော်ဖြေမဲဆွယ်စည်းရုံးခဲ့ကြပြီး   ဒေသခံတွေကို မဲပေးနည်း သရုပ်ပြသခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးကြတဲ့ အနုပညာရှင်အဖွဲ့ဟာ မြို့ပေါင်း ၁၆ သို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ မုံရွာမြို့၊ ပုလဲမြို့ တွေမှာ လှည့်လည်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ တခြားမြို့ပေါင်း ၁၄ မြို့အထိ မဲဆွယ်စည်းရုံးရေး သွားရောက်ဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ ဓာတ်ပုံ - ရန်နိုင်စိုး (မုံရွာ)

A d v e r t i s e m e n t With Us

More News
Up