A d v e r t i s e m e n t With Us

လီဗာပူး လူငယ်၏ ဘောလုံးစွမ်းရည် (ရုပ်သံ)

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းက အသက် ၁၈ နှစ်အရွယ် လူငယ် ကွင်းလယ်ကစားသမား အလန် ရော်ဒီဂွတ်ခ် ဆွာဇာ (Allan Rodrigues de Souza) ရဲ့ ဘောလုံးစွမ်းရည် မှတ်တမ်းတင်ထားတဲ့ ရုပ်သံကို ဂိုးလ်ဝက်ဆိုက်က ပြသခဲ့ပါတယ်။ ဒီအလယ်တန်းကစားသမားလေးဟာ ၂၀၁၅ ခုနှစ် နွေမှာ ဘရာဇီးကလပ် အင်တာနေရှင်နယ်ကနေ ပေါင် ၅ သိန်းနဲ့ လီဗာပူးကို ရောက်ရှိလာတာပါ။ စက်တင်ဘာလမှာတော့ ဘယ်သန် ဆွာဇာကို ဖင်လန်ကလပ်ထံ အငှားချထားခဲ့ပြီး ၈ ရက်အကြာ ပထမဆုံး ပွဲထွက်ကစားခဲ့ရာမှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီ ဖင်လန်ကလပ်မှာ ၈ ပွဲကစားခဲ့ရာ ၂ ဂိုးသွင်းယူပြီး တခြားလူတွေ ဂိုးသွင်းဖို့အတွက် ၅ ကြိမ် ကူညီနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဆွာဇာကို အငှားချထားရာ ကလပ်ကနေ အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up