A d v e r t i s e m e n t With Us

ဇင်ဘာဘွေတွင် သူခိုးများက အဆိပ်ဖြင့် ဆင် ၂၃ ကောင်ကို သတ် (ရုပ်သံ)

ဇင်ဘာဘွေ အမျိုးသားဥယျာဉ်မှာ ဆင် ၂၃ ကောင်ကို ခိုးယူဖမ်းဆီးတဲ့သူတွေက ဆိုင်ယာနိုက်အဆိပ်သုံးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဆိပ်ကြောင့် နိုင်ငံမြောက်ပိုင်းမှာ စက်တင်ဘာလကစပြီး ဆင်ကောင်ရေ ၆၀ သေဆုံးခဲ့ပြီလို့ အရာရှိတွေက အောက်တိုဘာ ၂၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဆင်ခိုးဖမ်းတဲ့သူတွေရဲ့ စူးစမ်းရေး ကိရိယာတွေက အဆင့်မြင့်ပြီး စစ်ဆေးရေးအဖွဲ့တွေကို ရှောင်ရှားနိုင်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရာရှိက ပြောပါတယ်။ တိုင်းပြည်အတွက် အဓိက ၀င်ငွေရှာပေးရာမှာ အထောက်အကူဖြစ်တဲ့ ဆိုင်ရာနိုက်အဆိပ်ကို ထိန်းချုပ်နိုင်ဖို့က အရမ်းခက်ခဲပါတယ်၊ ဆိုင်ယာနိုက်အဆိပ်က ဇင်ဘာဘွေ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ အများဆုံးအသုံးပြုပြီး ရှာဖွေရလွယ်ကူတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်က စတင်ပြီး ဆိုင်ယာနိုက်အဆိပ်တွေကို အသုံးပြုလာတာဖြစ်ပြီး ဆင်အကောင် ၃၀၀ လောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရကတော့ ဆင်တွေ ဒီလောက် သေဆုံးတာကို ကန့်ကွက်ထားပါတယ်။ ဆင် ၂၃ ကောင်ကို အဆိပ်နဲ့ သတ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ ဆင်စွယ် ၃ ခုကိုပဲ သတ်ဖြတ်သူတွေက ယူဆောင်သွားပြီး တခြား ဆင်စွယ်တွေကိုတော့ ယူဆောင်သွားခဲ့ခြင်း မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။ ဇင်ဘာဘွေ အနောက်ဘက် ၀မ်ငဲ အမျိုးသားဥယျာဉ်ထဲမှာ ဆင်ကောင်ရေ ၅၃၀၀၀ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up