A d v e r t i s e m e n t With Us

ဂန့်ဂေါမြို့နယ်တွင် အန်အယ်လ်ဒီသီချင်း ဖွင့်မှုကြောင့် နေအိမ် ခဲဖြင့်အပစ်ခံရ

ခဲဖြင့် အပစ်ခံရသည့် နေအိမ်။ (ဓာတ်ပုံ - Lay Maha)
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့ည ၈ နာရီခွဲခန့်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သီချင်းခွေဖွင့်လို့ အိမ်တအိမ် ခဲနဲ့အပစ်ခံခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့က ဖြန့်ချိထားတဲ့ ခွပ်ဒေါင်းမာန်ချီ အန်အယ်လ်ဒီ တေးသီချင်း ဖွင့်လှစ်လို့ ခဲနဲ့ နေအိမ်ကို ပစ်ပေါက်ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ခဲနဲ့ပစ်တဲ့အချိန်က အိမ်ပေါ်မှာ သီတင်းကျွတ်ကာလ ကန်တော့လာသူ စုစုပေါင်း ၁၀ ဦးလောက် ရှိနေတယ်လို့ ဆိုပါတယ်။ ခဲအလေးချိန်က ၅၀ ကျပ်သားလောက်ရှိပြီး ဘယ်သူဘယ်ဝါ ပစ်တယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။ ခဲနဲ့ပစ်ခံရမှုကြောင့် အိမ်ရှင်မိသားစုဟာ ထိတ်လန့်နေကြပြီး အခုလို ခဲနဲ့ပစ်တာဟာ ဒီရွာမှာ ရွေးကောက်ပွဲကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားတာလို့ ဒေသခံက ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာကို တိုင်တန်းမှုတော့ မရှိသေးကြောင်း သိရပါတယ်။ ဘော်ပြင်းရွာမှာ အိမ်ခြေ ၄၀၀ လောက် ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up