A d v e r t i s e m e n t With Us

ခရိုင်းမီးယားကျွန်းဆွယ် ပင်လယ်နက်ထဲတွင် ရုရှားရေတပ် စစ်ရေးလေ့ကျင့် (ရုပ်သံ)

ရုရှားရေတပ်ဟာ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ပေါ်က ပင်လယ်နက်ထဲမှာ အောက်တိုဘာ ၂၈ ရက်နေ့က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ကောင်းကင်ပေါ်မှ မောင်းသူမဲ့ လေယာဉ်တွေကို ထိန်းချုပ်တာတွေ၊ ရေတပ်သုံး စစ်ရေယာဉ် ဒုံးပျံတွေနဲ့ မြေပြင်ပေါ်က ပစ်မှတ်တွေကို တိုက်ခိုက်မှု စတာတွေကို ပြုလုပ်ခဲ့ကြတာပါ။ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံပိုင် ကရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားသမ္မတဟောင်း ဗစ်တာရာနူကိုဗစ်လက်ထက် ၂၀၁၄ ခုနှစ်၊ မတ်လမှာ ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံကြား စစ်ပွဲအပြီး သိမ်းယူခဲ့တာပါ။ အဲဒီစစ်အေးတိုက်ပွဲ ဖြစ်ပြီးကတည်းက ရုရှားနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးကို မပြေမလည် ဖြစ်စေခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up