A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေး သုံးခဲ့သည့်ငွေကြေး ပြန်ပေးရန် ဖီဖာကို သြစတြေးလျ တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေး ကြိုးပမ်းမှုအတွက် ကုန်ကျစရိတ်တွေကို ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ပြန်ပေးဖို့ သြစတြေးလျက တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလား ကျင်းပခွင့်ရဖို့အတွက် သြစတြေးလျက ပေါင် ၂၀ ဒသမ ၉ သန်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ဖီဖာဥက္ကဋ္ဌ ဘလတ္တာက အမေရိကန်ကို ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပခွင့်ပေးဖို့ မဲမခွဲခင် သဘောတူညီခဲ့တယ်လို့ ပြောဆိုခဲ့အပြီး အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ သြစတြေးလျ ကမာ့္ဘဖလား ကျင်းပခွင့်ရရှိရေးအဖွဲ့ ဆက်သွယ်ရေး အကြီးအကဲဟောင်း ဘိုနီတာ မာစီဒက်ဇ်က အခွန်ထမ်းတွေရဲ့ကိုယ်စား ငွေပြန်ပေးသင့်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက် သြစတြေးလျ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရှိရေးအဖွဲ့က ဖီဖာဥက္ကဋ္ဌဟောင်း ဂျက်ဝါနာကို ပေါင် ၂ သိန်း ၇ သောင်း ပေးခဲ့တာကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။ သြစတြေးလျနဲ့ ၀ါနာတို့ကတော့ ဒီကိစ္စကို ငြင်းဆန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up