မီးပုံးပျံပျက်ကျ၍ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် မီးလောင်

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၄ ရပ်ကွက် န၀ရတ် ၂ လမ်းက နေအိမ်တလုံး ခေါင်မိုးပေါ် မီးပုံးပျံ ပျက်ကျတာကြောင့် အောက်တိုဘာ ၂၉ ရက် ည ၉ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ရာကို မီးသတ်ကား ၅ စီးခန့် လာရောက်ငြှိမ်းသတ်ပြီး နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီမီးလောင်မှုကို Level 1 အဆင့် သတ်မှတ်ထားပြီး မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။ ဒီလို မီးပုံးပျံလွှတ်မှုကြောင့် အောက်တိုဘာ ၂၈ ရက် သီတင်းကျွတ်လပြည့်နေ့ကလည်း နေပြည်တော် လျှပ်စစ်စွမ်းဝန်ကြီးဌာန သပြေဝ ၂၃၀ KV ဓာတ်အားခွဲရုံ Switch Yard အတွင်းက ဓာတ်အားအဖွင့်အပိတ် ပြုလုပ်တဲ့ Bus DS အပေါ် မီးပုံးပျံပြုတ်ကျခဲ့တဲ့အတွက် ဓာတ်အားပြတ်တောက်ခဲ့လို့ တနိုင်ငံလုံးနီးပါး အချိန်ပိုင်း မီးပြတ်တောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up