လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြောင့် ချဲလ်ဆီး ကစားသမားကို အလိုရှိ

လူးကပ်စ် ပီယားဇွန်(၀ဲ)နှင့် အင်ဒရေး ဆေးဗား ဗင်တူရာ။ (ဓာတ်ပုံ - Toronto Police Service)
2.5K
လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲထားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးကစားသမားနဲ့ သူ့ရဲ့ဘရာဇီးအသင်းဖော်ကို ကနေဒါနိုင်ငံက အလိုရှိနေပါတယ်။
ရီဒင်းမှာ သွားရောက် အငှားကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် လူးကပ်စ် ပီယားဇွန်နဲ့ သူ့ရဲ့ ဘရာဇီးကစားဖော် အသက် ၂၂ နှစ်အရွယ် ဂိုးသမား အင်ဒရေး ဆေးဗား ဗင်တူရာတို့ကို အလိုရှိနေပါတယ်။ ဗင်တူရာက ဘရာဇီး စီးရီးဘီမှာ ကစားနေတာပါ။
ဇူလိုင်လက တော်ရန်တို နိုက်ကလပ်တခုမှာ တွေ့ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့ ၂ ဦး အမျိုးသမီးနဲ့ အဖွဲ့ကျပြီး တခြားအမျိုးသမီး ၂ ဦးနဲ့ တော်ရန်တိုအိမ်တခုကို သွားရောက်ခဲ့တဲ့အကြောင်း တိုက်ခိုက်ခံရသူ အမျိုးသမီး အိပ်ပျော်သွားချိန်မှာ အခန်းထဲကိုဝင်ပြီး လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ချဲလ်ဆီးနဲ့ ရီဒင်းကလည်း ဒီထုတ်ပြန်ချက်ကို သတိထားမိတယ်လို့ ဆိုပါတယ်။