အခွန်လိမ်လည်ဟု မာရှေယာနို ၀န်ခံ

မာရှေယာနို တရားရုံးသို့ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - အီးပီအေ)
1.1K
ဘာစီလိုနာနဲ့ အာဂျင်တီးနား နောက်တန်းကစားသမား ဂျာဗီးယား မာရှေယာနို အခွန်ငွေကြေး ပေါင် ၁ ဒသမ ၁ သန်းကျော်ကို ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ ၀န်ခံလိုက်ပါတယ်။
၂၀၁၁ နဲ့ ၂၀၁၂ ၀င်ငွေတွေထဲက စာရင်း ၂ ခုကို ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားလိုတွေက ပြောပါတယ်။
ဘာစီလိုနာအနီးက ဂါဗာတရားရုံးမှာ ရုံးတက်ပြီး ၅ မိနစ်အတွင်း အခုလို ၀န်ခံလိုက်တာ ဖြစ်ပါတယ်။
ဝန်ခံလိုက်တဲ့အတွက် သူ့ကို စစ်ဆေးစရာ မလိုတော့ဘူးလို့ ဆိုပါတယ်။
အရင်လက တရားရုံးက ယူရို ၁ ဒသမ ၇၅ သန်း ပေးဆောင်ဖို့နဲ့ ဒဏ်ငွေဆောင်ပြီး အမှုကို ရှောင်လွဲနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မာရှေယာနိုဟာ ၂၀၁၀ ကတည်းက ဘာစီလိုနာမှာ ကစားနေတာဖြစ်ပြီး စပိန် အခွန်တာဝန်ရှိသူတွေရဲ့ စိစစ်မှုကို ခံနေရတာ ဖြစ်ပါတယ်။
ပေါ်တူဂီနဲ့ အမေရိကန်က ကုမ္ပဏီတွေကို အသုံးပြုပြီး ၀င်ငွေတွေကို လိမ်လည်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။