A d v e r t i s e m e n t With Us

ကက်ပီတယ်ဝမ်းဖလားပွဲတွင် ရွန်နီ ပယ်နယ်တီကန်စဉ် လေဆာဖြင့် အထိုးခံရမှု စုံစမ်းစစ်ဆေး

ဓာတ်ပုံ - Sky Sports
ကက်ပီတယ်ဝမ်းဖလား မစ်ဒယ်ဘရော့နဲ့ ကစားတဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် ကစားသမား ရွန်နီ ပယ်နယ်တီကန်သွင်းစဉ် လေဆာနဲ့ အထိုးခံရတဲ့ ဖြစ်ရပ်ကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က စုံစမ်း စစ်ဆေးနေပါတယ်။ ရွန်နီ ပယ်နယ်တီကန်သွင်းခါနီး သူ့မျက်နှာပေါ်မှာ အစိမ်းရောင် မီးရောင်တခု ပေါ်နေတယ်လို့ ရုပ်သံမှတ်တမ်းတွေမှာ ပြသနေပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီဖြစ်ရပ်ကို သတိထားမိပြီး စောင့်ကြည့် စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ရွန်နီရဲ့ ပယ်နယ်တီ ကန်သွင်းချက်ကို မစ်ဒယ်ဘရော့ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပြီး မန်ယူက ၃ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်သွားလို့ ကက်ပီတယ်ဝမ်းဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ပယ်နယ်တီကန်သွင်းတဲ့ဂိုးက အဝေးကွင်းပရိသတ်တွေ ကြည့်ရှုဖို့ သတ်မှတ်ထားတဲ့နေရာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up