A d v e r t i s e m e n t With Us

ငလျင်ကြောင့် ပါကစ္စတန်တွင် မြေပြိုကျ (ရုပ်သံ)

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၊ ဟန်ဇာတောင်ကြားမှာ အောက်တိုဘာလ ၂၆ ရက် နေ့က အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် မြေပြိုကျမှုဖြစ်ခဲ့ပြီး အနည်းဆုံးလူ ၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် မြေပြိုကျမှုဖြစ်ပြီးချိန်မှာ ဖုန်မှုန့်တွေ အမြောက်အမြား လေထဲ မှာလွင့်နေခဲ့ပြီး အဲဒီတောင်ကြားအနီးလမ်းတွေလည်း ပိတ်ခဲ့တာကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ အဲဒီငလျင်ဟာ ပါကစ္စတန်နိုင်ငံမြောက်ပိုင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ လှုပ်ခတ်ခဲ့ တာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲက လူဦးရေအနည်းဆုံး ၂၆၆ ယောက်ဟာ ပါကစ္စတန်နိုင်ငံက ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ပါကစ္စတန်နိုင်ငံမှ ကျောင်းဆရာမတဦးဟာ ကျောင်းမှအိမ်ကိုအပြန်မှာ မြေပြိုကျ မှုထဲ ပါဝင်ပြီး သေဆုံးခဲ့ရတယ်လို့ ပါကစ္စတန် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲဒီဒေသမှာ အိမ်ခြေပေါင်း ၁၁၀၀၀ လောက် ပျက်စီးထိခိုက်ခဲ့ရပေမယ့် တခြား အခြေခံအဆောက်အအုံတွေကတော့ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ သက်ဆိုင်ရာတာဝန်ရှိ သူတွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ် နော့ဇ်ရှာရစ်ဖ်က ထိခိုက်ပျက်စီးမှုတွေဖြစ်ပြီးတဲ့ နောက်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလိုအပ်နေပြီလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up