A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတောမီး ငြှိမ်းသတ်ရေး ဆင်များကို အသုံးပြု

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှား တောမီးကို ငြှိမ်းသတ်ရာမှာ လေ့ကျင့်ပေးထားတဲ့ ဆင်တွေကိုလည်း အသုံးပြုနေရပါတယ်။ ဒီဆင်တွေဟာ သဘာဝသယံဇာတ ထိန်းသိမ်းရေးဌာနက ဖြစ်ပြီး စူမားတြား တောင်ပိုင်းမှာရှိတဲ့ ပါဒန် စူဂီဟန် ဆီဘိုကာ ကြိုးဝိုင်းတောမှာ လောင်နေတဲ့ တောမီးကို ငြှိမ်းသတ်ရာမှာ အကူအညီပေးနေတာပါ။ ဆင်တွေက မီးသတ်သမားတွေနဲ့ မီးသတ်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ အကူအညီ ပေးပါတယ်။ ဒီနယ်မှာပဲ ကျင်လည်တဲ့ ဆင်တွေဖြစ်လို့ သွားလာရခက်ခဲတဲ့ ခရီးကိုလည်း အလွယ်တကူ ပို့ဆောင်ပေးတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဆင် ၅ ကောင်ကိုသုံးပြီး မီးငြိှမ်းသတ်နေတာ ကြိုးဝိုင်းတောထဲမှာ လောင်နေတဲ့ တောမီးကို ထိန်းနိုင်ပြီလို့ သဘာဝသယံဇာတ ထိန်းသိမ်းရေးဌာနက အရာရှိ နူနူ အန်နူဂါက ပြောပါတယ်။ ဒါပေမယ့် ပါပူအာဒေသဘက်မှာ ကူးစက်နေတဲ့ တောမီးကိုတော့ နောင်နှစ်ဆန်းပိုင်းအထိ  ငြှိမ်းနိုင်ဦးမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ အင်ဒိုနီးရှားတောမီးဟာ အိမ်နီးချင်း စင်ကာပူနဲ့ မလေးရှားတို့အထိ မီးခိုးတွေကို ဖုံးလွှမ်းစေပြီး တချို့ရက်တွေမှာ ကျောင်းတွေကို ပိတ်၊ လေယာဉ်ခရီးစဉ်တွေကို နှောင့်နှေးစေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up