၁၈ နှစ်ကြာ ပျောက်ဆုံးနေသည့် ခရမ်းရောင် ကန္တရာပန်းခင်း ချီလီတွင် ပြန်တွေ့

ဓာတ်ပုံ - ရိုက်တာ
1.6K
ချီလီနိုင်ငံမှာရှိတဲ့ အာတာကာမာ လွင်ပြင်မှာ မတွေ့တာကြာပြီဖြစ်တဲ့ ခရမ်းရောင် ပန်းခင်းကြီးကို အခု ပြန်တွေ့ရပါပြီ။
နိုင်ငံမြောက်ပိုင်းဒေသမှာ မကြုံစဘူး မိုးရွာသွန်းပြီးနောက် ကန္တာရပန်းခင်းကို ရှားရှားပါးပါး ပြန်တွေ့ရတာပါ။
အရင်က ၅ နှစ် ၁ ကြိမ်၊ ၇ နှစ် ၁ ကြိမ် ကန္တာရပန်းခင်းကို တွေ့ရလေ့ရှိပေမယ့် ပန်းခင်းကြီး ပျောက်ဆုံးနေတာ ၁၈ နှစ် ရှိသွားပါပြီ။
အာတာကာမာ လွင်ပြင်ဒေသဟာ ဆန်တီယေဂိုမြို့တော် မြောက်ပိုင်း ၄၆၆ မိုင် အကွာမှာ တည်ရှိပါတယ်။
လွင်ပြင်ကြီးဟာ နေ့ချင်းညချင်းပဲ လှပတဲ့ ပန်းခင်းကြီအဖြစ် ပြောင်းလဲသွားပါပြီ။
ဒီနှစ်မှာပွင့်တဲ့ ပန်းခင်းဟာ မကြုံစဘူးအောင် ကျယ်ဝန်းတယ်လို့ အမျိုးသား ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူး ရိုဒရီဂို ရုဇ် (Rodrigo Ruiz) က ပြောပါတယ်။
အာတာကာမာ လွင်ပြင်ဒေသဟာ အမျိုးသားဥယျာဉ်တွေ၊ ကမ်းခြေတွေ၊ တောင်တန်းတွေနဲ့ ထိန်းသိမ်းထားတဲ့ သဘာဝနယ်မြေတွေရှိပြီး ၁ နှစ်ပတ်လုံး အလည်အပတ် လာသူတွေကို ဆွဲဆောင်တဲ့နေရာလည်း ဖြစ်ပါတယ်။