ရထားစီးခရီးသည် တဦးကို တိုက်ခိုက်လုယက်ပြီး ရထားလမ်းပေါ် တွန်းချ (ရုပ်သံ)

8.5K
အမေရိကန်ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယားက မေးလ်ဘုန်းဘူတာရုံ ရထားပေါ်မှာ အိပ်ရင်း စီးနင်းလာတဲ့ ခရီးသည်တဦးကို လူ ၂ ဦးက တိုက်ခိုက်လုယက်ခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လုယက်ခံရတဲ့ ခရီးသည်က လုယက်သူတွေနောက်ကို ပြေးလိုက် တုံ့ပြန်ဖို့ ကြိုးစားခဲ့လို့ ရထားဘူတာက လူသွားလမ်း စင်္ကြန်မှာ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လုယက်ခံရသူကို ရထားလမ်းပေါ် တွန်းထိုးခဲ့တဲ့ရုပ်သံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ခိုက်တယ်လို့ သံသယရှိသူက အမျိုးသားနဲ့ အမျိုးသမီးတွေဖြစ်ပြီး ခရီးသည်ရဲ့ လက်ဆွဲအိတ်ကို ယူကာ ရထားပေါ်ကနေ ပြေးဆင်းခဲ့ပါတယ်။
လုယက်ခံရသူက အတင်းလိုက်လာပြီး အိတ်ပြန်ရဖို့ ကြိုးစားခဲ့တာကို အမျိုးသမီးက လျှပ်စစ်ကိရိယာ ထရေစာနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ရထားပြေးလမ်းပေါ် ကျသွားခဲ့ပါတယ်။
လုယက်ခံရသူက ရထားလမ်းပေါ်ကို ပြန်မတက်နိုင်တော့ပေမယ့် နောက်ဆုံးမှာ သတိပြန်ရပြီး အကူအညီ တောင်းခံခဲ့တယ်လို့ ရဲတပ်ဖွဲ့အရာရှိက ပြောပါတယ်။
သံသယရှိသူတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး လုယက်ခံရသူကတော့ ဆေးရုံမှာရရှိတဲ့ ဒဏ်ရာတွေကို ကုသခံခဲ့တယ်လို့ ဆိုပါတယ်။