နစ်မြုပ်ခါနီး လှေတစင်းကို ဂရိကမ်းခြေစောင့်တပ် ကယ်တင်၊ လူ ၃ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ

ဓာတ်ပုံ - ရိုက်တာ

ဓာတ်ပုံ - ရိုက်တာ

ဓာတ်ပုံ - ရိုက်တာ

ဓာတ်ပုံ - ရိုက်တာ
1.2K
ဂရိ ကမ်းခြေစောင့်တပ်ဖွဲ့က လက်စဘော့စ်ကျွန်းရဲ့ မြောက်ဘက်မှာ နစ်မြုပ်ခါနီး လှေတစင်းကို အောက်တိုဘာ ၂၈ ရက်နေ့က ကယ်တင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူ ၂၄၂ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ၃ ဦးကတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
လူဘယ်လောက် ပျောက်ဆုံးနေသလဲ ဆိုတာကို အတိအကျပြောဖို့ ခက်နေသေးတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။
လှေမြုပ်တဲ့နေရာဟာ တူရကီကမ်းခြေကနေ ၁၀ ကီလိုမီတာအကွာမှာ ရှိပြီး ဥရောပဆီကိုဝင်ဖို့ ကြိုးစားတဲ့ ပြောင်းရွှေ့အခြေချသူတွေ အသုံးပြုတဲ့ လမ်းကြောင်းပေါ်မှာ ရှိပါတယ်။
ဒီနှစ်ထဲမှာ ဂရိကျွန်းတွေဆီကို လူပေါင်း ၅ သိန်းလောက် ၀င်ရောက်ခဲ့ပါတယ်။