ဆီးရီးယားတွင် ရဟတ်ယာဉ်ပေါ်မှ ဗုံးကြဲသည့် ဗွီဒီယိုဖိုင် ထွက်ပေါ် (ရုပ်သံ)

10K
ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို သစ္စာခံတဲ့ ရဟတ်ယာဉ်က ဒမတ်စကတ်ရဲ့ ဆင်ခြေဖုံး ဒါရေးယာမှာ ၀ဲပျံပြီး ဗုံးကြဲချတဲ့ ရုပ်သံကို အပျော်တမ်း ကင်မရာသမားတဦးက ရိုက်ကူးကာ လူမှုရေးကွန်ရက်မှာ အောက်တိုဘာ ၂၈ ရက်က တင်ခဲ့ပါတယ်။
အောက်တိုဘာ ၂၈ ရက်က ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာ ရဟတ်ယာဉ်ပေါ်ကနေ ဗုံးတွေ ကြဲချတာတွေနဲ့ ပေါက်ကွဲတာတွေကို ရိုက်ကူးပြသထားပါတယ်။
တခြားအပျော်တမ်း ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာလည်း ရဟတ်ယာဉ်ပေါ်ကနေ ဗုံးတွေ ကြဲချနေပြီး ပေါက်ကွဲတဲ့နေရာကနေ မီးခိုးတွေ အမြောက်အမြား ထွက်ပေါ်လာတာတွေကို ရိုက်ကူးပြသထားပါတယ်။
ဒီနောက်မှာတော့ ဗုံးကြောင့် သေဆုံးသွားသူတွေရဲ့ အလောင်းကို ကားပေါ်တင်နေတဲ့ ပုံတွေကိုလည်း ရိုက်ကူးပြသထားပါတယ်။
ဗုံးကြောင့် မိသားစုတခုလုံး သေဆုံးခဲ့ရသလို အလောင်းတွေကို အပျက်အစီးတွေကြားထဲက သယ်ယူခဲ့ရတဲ့အကြောင်း၊ အာဆတ်အစိုးရကို ဖြုတ်ချချင်သလို ဗုံးအားလုံးဟာ ရုရှားလုပ်တွေဖြစ်ပြီး ဒါဟာ လူနေအိမ်တွေဖြစ်ကြောင်း အမည်မဖော်လိုသူတဦးက ပြောဆိုပါတယ်။
စက်တင်ဘာ ၃၀ ရက်က စတင်ပြီး ရုရှားက ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အစွန်းရောက် အစ္စလာမ္မစ်နိုင်ငံတော်ကို ပစ်မှတ်ထား ချေမှုန်းတိုက်ခိုက်တယ်လို့ မော်စကိုက ကြေညာပါတယ်။
အမေရိကန်ကတော့ အာဆတ်အစိုးရကို ဆန့်ကျင်တဲ့ သူပုန်တွေကို တိုက်ခိုက်တယ်လို့ ပြောဆိုထားပါတယ်။