A d v e r t i s e m e n t With Us

နှစ် ၂၀ ကြာ လွတ်မြောက်နေသည့် ၀ရမ်းပြေးကို အင်ဒိုနီးရှား ဖမ်းဆီး

ဝရမ်းပြေးဓာတ်ပုံကို ပြသနေသည့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်တဦး။ (ဓာတ်ပုံ - ရိုက်တာ)
အိန္ဒိယနိုင်ငံက အလိုရှိနေတဲ့ ၀ရမ်းပြေးတဦးကို အင်ဒိုနီးရှားအစိုးရက ပြန်ပို့ပေးဖို့ စီစဉ်နေပါတယ်။ ရာဂျန်ဒရာ စာဒါရှီ နစ်ကာချီ (Rajendra Sadashiv Nikalje) ဆိုတဲ့ ၀ရမ်းပြေးဟာ နှစ် ၂၀ ကြာအောင် လွတ်မြောက်နေပြီး အောက်တိုဘာ ၂၀ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီ နိုင်ငံတကာလေဆိပ်မှာ ဖမ်းမိခဲ့တာပါ။ သူ့ကို လူသတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့သူအဖြစ် ရဲတပ်ဖွဲ့က အလိုရှိနေပါတယ်။ လက်ရှိ အသက် ၅၅ နှစ်အရွယ်ဖြစ်ပြီး ၁၉၈၈ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံကနေ ကိုယ်ယောင် ဖျောက်သွားခဲ့တာပါ။ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) ကလည်း သူ့ကို ၁၉၉၅ ခုနှစ်မှာ ၀ရမ်းထုတ်ထားပါတယ်။ နိုင်ငံကူးလက်မှတ်မှာ မိုဟန် ကူးမား (Mohan Kumar) လို့ ရေးသားထားပေမယ့် သြစတြေးလျ ထောက်လှမ်းရေးဘက်က ပေးပို့တဲ့ သတင်းအချက်အလက်အရ ခြေရာခံမိတာလို့ ဘာလီ ရဲအဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up