A d v e r t i s e m e n t With Us

၂၀၁၈ ကမ္ဘာ့ဖလား ရုရှားတွင် ကျင်းပရန် မဲမပေးမီကတည်းက သဘောတူဟု ဘလတ္တာ ပြော

ဓာတ်ပုံ - ရိုက်တာ
တာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ၂၀၁၈ ကမ္ဘာ့ဖလား ရုရှားနိုင်ငံမှာ ကျင်းပဖို့ မဲမပေးမီကတည်းက သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။ ရုရှား သတင်းဌာနတခုရဲ့ ကမ္ဘာ့ဖလားအနာဂတ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်အတွက် တပြိုင်တည်းမဲပေးတာဟာ အမှားအယွင်းတခု ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဘလတ္တာက တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဥရောပအရှေ့ပိုင်းမှာ ကမ္ဘာ့ဖလားကို ကျင်းပနိုင်ခဲ့ခြင်း မရှိတဲ့အတွက် ရုရှားမှာ ကျင်းပဖို့နဲ့ ၂၀၂၂ မှာ အမေရိကမှာ ပြန်ကျင်းပဖို့ သဘောတူညီခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း အမေရိကန်ကို ပေးထားတဲ့ ၄ မဲက ကာတာကို ပြောင်းသွားတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ကျင်းပခွင့်အတွက် အင်္ဂလန်က ပေါင် ၂၁ သန်းနီးပါး အကုန်အကျခံ ကြိုးပမ်းခဲ့ပေမယ့် မရရှိပါဘူး။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကတော့ ဖီဖာကို တရားဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ အချိန်မရွေး အခွင့်အရေး ရှိနေတယ်လို့ အင်္ဂလန်မှာ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေး ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဆိုင်မွန် ဂျွန်ဆင်က ပြောပါတယ်။ ဘလတ္တာရဲ့ ပြောဆိုချက်ကိုလည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းသွားမယ်လို့ အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကျင်းပခွင့် ဖြစ်စဉ်ကို ဆွစ်စုံစမ်းစစ်ဆေးသူတွေက စုံစမ်းနေပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု တရားရေးဌာနကလည်း အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ဖီဖာ အမှုဆောင်အရာရှိတွေကို ဖမ်းဆီး စစ်ဆေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up